Breaking News

အချစ်နဲ့ တစ်ခါမှမတွေ့ဖူးသေးဘူး ရွှေမှုန်ရတီ

Loading...


အသက် ၁၈ နှစ်ကျော်ခဲ့ပြီဖြစ်ပေမယ့်လည်း အချစ်နဲ့တော့ တစ်ခါမှ မတွေ့ခဲ့ဖူးသေးဘူးလို့ဆိုလာသူက ရွှေမှုန်ရတီပါ။ သူ့အနေနဲ့ အချစ်ရေးထက် အလုပ်ကိုပဲ အရာအားလုံးထက် ဦးစားပေးထားတယ်လို့လည်း ပြောပါတယ်။


” အချစ်ရေးက အေးဆေးပါပဲ။ ထူးထူးခြားခြားတော့ မရှိပါဘူး။ ညီမရဲ့ရည်ရွယ်ချက်က မိဘကိုလုပ်ကျွေးချင်တာပါ။ ညီမကအခုမှ အသက် ၁၈ နှစ်ပဲရှိသေးတယ်ဆိုတော့ “သစ်ရွက်တွေလှုပ်ရင်တောင်မှ ရယ်တဲ့အရွယ်” လို့ လူကြီးတွေပြောသလို ညီမတို့အသက်အရွယ်နဲ့ အချစ်ဆိုတာ မဖြစ်နိုင်သေးဘူး၊ ညီမက အချစ်နဲ့တစ်ခါမှ မတွေ့ဖူးလို့ပဲထင်တယ်။ ညီမအတွက်က ဘယ်အရာမှ ပူလောင်တယ်လို့ မထင်ဘူး။ ဦးနှောက်ထဲ မထည့်ဘူး။ တော်ရုံတန်ရုံလည်းမခံစားတတ်ဘူး။ အလုပ်ကိုပဲ အရာအားလုံးထက် ဦးစားပေးတယ်လို့ ပြောလို့ရတယ်။ မိဘက ပထမ၊ ပြီးရင် ညီမအလုပ်ပါ။ ကျန်တာက ခေါင်းထဲမှာမရှိဘူး” လို့ သူက ပြောပါတယ်။
အနုပညာရှင် တော်တော်များများက မအောင်မြင်ခင်ကလည်း အောင်မြင်ဖို့ အတွက် ကြိုးစားကြရပါတယ်။ အောင်မြင်သွားတဲ့အခါမှာလည်း အဲဒီအောင်မြင်မှုကို ဘယ်လို ဆက် လက်ထိန်းသိမ်းသွားမလဲဆိုတာကို ပရိသတ်တွေအနေနဲ့ စိတ်ဝင်စားကြမှာ ဖြစ်ပါတယ်။ အသက် ငယ်ငယ်ရွယ် ရွယ်နဲ့ အနုပညာလောကမှာ အောင်မြင်မှုရရှိထားတဲ့ ရွှေမှုန်ရတီကတော့ အောင်မြင်မှုဆိုတာထက် ပရိသတ်အားပေးမှု ရရှိထားတဲ့အပေါ် အဲဒီအားပေးမှုကိုပဲ ဆက်လက်တည်တံ့ နိုင်အောင်ပဲ ကြိုးစားနေကြောင်း ရွှေမှုန်ရတီပြောလာပါတယ်။
” အဓိကက အောင်မြင်တာ၊ မအောင်မြင်တာထက် ပရိသတ် အားမပေးခင် ပရိသတ်တွေ အားပေးအောင်ဆိုပြီး ညီမတို့တွေ အသည်းအသန်ကြိုးစားခဲ့ရတယ်။ အခုညီမတို့ ပရိသတ်အားပေးမှုရ ပြီးတဲ့အခါမှာလည်း အဲဒီအားပေးမှုကိုပဲ ဆက်လက်တည်တံ့နိုင် အောင်ကြိုးစားတယ်။ ဘာဖြစ်လို့လဲဆိုရင် ပရိသတ်အားပေး မှုလျော့သွားရင် ကိုယ့်မှာ လိုအပ်ချက်တွေအများကြီးရှိ နေလို့ပဲ၊ ကိုယ်ကပဲ ဆက်လက်ကြိုးစားနေဖို့ လိုပါတယ်။ အဲဒီအပေါ်မှာပဲ သူတို့ပေးတဲ့ မေတ္တာနဲ့ ထပ်တူညီအောင် ပြန်လုပ်ပေးနိုင်ဖို့ပဲ လိုပါတယ်” လို့ ရွှေမှုန်ရတီက ပြောပါတယ်။ လတ်တလောမှာ ရွှေမှုန်ရတီက “နှစ်မင်္ဂလာ” သရဲဟာသ ရုပ်ရှင် ဇာတ်ကားကြီးကို ခန့်စည်သူနဲ့အတူ ပြင်ဦးလွင်မှာ ရိုက်ကူးနေတယ်လို့သိရပါတယ်။
တွယ်တာ
ဓာတ်ပုံ-အောင်ဇော်မင်း
Popularnews
Loading...