Breaking News

၂၁ ရာစုပင်လုံညီလာခံသို့ ဘန်ကီမွန်း တက်ရောက်အမှာစကားပြောမည်




Loading...
----------------------------



ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် ၂၀၁၂ မေလက ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ − ငြိမ်းချမ်းနိုင်/အီးပီအေ)
၂၁ ရာစုပင်လုံညီလာခံ သို့ ကုလသမဂ္ဂ အထွေထွေအ တွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီ မွန်း တက်ရောက်၍အမှာစကား ပြောကြားမည်ဖြစ်ကြောင်း သ တင်းရရှိသည်။
‘‘ကျွန်တော်တို့က မြန်မာနိုင် ငံမှာရှိတဲ့ ယူအင်န်အဖွဲ့အစည်း တွေအကုန်လုံး ဖိတ်တယ်၊ သံတ မန်တွေ ဖိတ်တယ်၊ ဖိတ်တဲ့အခါ မှာ ယူအင်န်ဘက်က ဘန်ကီမွန်းက တက်ဖို့ စိတ်ဝင်စားတယ်။ တက်ချင်တယ် ပြောတယ် ဆို တော့ ကျွန်တော်တို့က ဖိတ်ပေး တယ်။ ဖိတ်မှလည်း တက်လို့ရ တာကိုး။ ဖိတ်လိုက်တော့ အစကနောက်ရက်လုပ်တာ။ သူက မဟုတ်ဘူး။ ဖွင့်ပွဲကို တက်ချင်တယ် ပြောတယ်။ ၃၁ ရက်နေ့ကိုပေါ့။ တက်ချင်တယ်ပြောတော့ ဖိတ်ထားတာ’’ဟု သမ္မတရုံးဝန်ကြီး ဌာန ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောသည်။
၂၁ ရာစုပင်လုံညီလာခံကို သြဂုတ် ၃၁ ရက်ကစ၍ နေပြည် တော်တွင် ငါးရက်ကြာ ပြုလုပ် မည်ဖြစ်သည်။၂၁ ရာစု ပင်လုံညီလာခံသို့ ရန်ကုန်မြို့အခြေစိုက် နိုင်ငံတကာ သံရုံးများ၊ ကုလအဖွဲ့အစည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အထောက်အကူပြု အင်န်ဂျီအိုအဖွဲ့ အစည်းများအပြင် အရပ်ဘက် လူမှုအဖွဲ့အစည်းများကိုလည်း လေ့လာသူအဖြစ် ဖိတ်ကြားမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး အဓိပတိကောင်စီဝင်ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်းက သြဂုတ် ၂၂ ရက်တွင် ပြုလုပ်ခဲ့သည့် ပူးတွဲကော်မတီအစည်းအဝေးအပြီး၌ ပြောသည်။
‘‘ဖွင့်ပွဲနေ့မှာ လူ ၁၅၀၀ လောက်တက်ကြမယ်’’ဟု ၎င်းက ဆိုသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သည် မြန်မာနိုင်ငံသို့ ၂၀၁၄ နိုဝင်ဘာက နောက်ဆုံးလာရောက်ခဲ့သည်။
7day
Loading...