အိုင်အက်စ်အဖွဲ့ခြိမ်းခြောက်မှုသတင်းကြောင့် ၂၁ ရာစုပင်လုံညီလာခံမတိုင်မီ လုံခြုံရေးတိုးမြှင့်ထား

_________________________________________________________
အိုင်အက်စ်အဖွဲ့ ခြိမ်းခြောက်မှုသတင်းကြောင့် နေ ပြည်တော်တွင် ပြုလုပ်မည့် ၂၁ ရာစုပင်လုံညီလာခံကို လုံခြုံရေး အင်အားအပြည့်ဖြင့် မြှင့်တင်ထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးဇော်ဌေးက ပြောသည်။
ညီလာခံစတင်မည့်ရက် မတိုင်မီကတည်းက နေပြည်တော်တွင် လုံခြုံရေးအင်အားတိုးမြှင့်ကာ ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေသကဲ့သို့ ညီလာခံပြုလုပ်မည့်ရက်များ၌လည်း လုံခြုံရေးတင်းကျပ်မှုပြုလုပ်မည်ဟု သြဂုတ် ၂၆ ရက်က ပြန်ကြားရေးဝန်ကြီးဌာနရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအပြီး၌ ၎င်းကပြောသည်။
‘‘အိုင်အက်စ်က ခြိမ်းခြောက် ထားတဲ့ အချက်ရှိနေတာကြောင့် ရော အခြားလုံခြုံရေးသဘောအရ ပါ ကျွန်တော်တို့ ဒီညီလာခံကို လုံ ခြုံရေးအင်အားတိုးမြှင့်တင်းကျပ် ထားပါတယ်။ ဒါပေမဲ့ ကျွန်တော် တို့ဆီမှာ Asian Summit လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံရော ဆီးဂိမ်း လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေပါ ရှိတဲ့အတွက် စိုးရိမ်စရာတော့ မရှိ ပါဘူး’’ဟု ၎င်းက ဆိုသည်။

၂၁ ရာစုပင်လုံညီလာခံကို နေပြည်တော်ရှိ MICC-2 ၌ သြ ဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၄ ရက်အထိ ငါးရက်ကြာပြုလုပ်မည် ဖြစ်ပြီး လုံခြုံရေးအနီးကပ်စောင့် ကြည့်မှုပြုလုပ်နိုင်ရန် ညီလာခံ တက်ရောက်မည့် တိုင်းရင်းသား ခေါင်းဆောင်များ တည်းခိုမည့်ဟို တယ်ခြောက်ခုကို ရွေးချယ်သတ် မှတ်ပေးထားကြောင်း သတင်း ရရှိသည်။
‘‘လုံခြုံရေး သဘောတရား ဘယ်လို ပြင်ဆင်ထားတယ်ဆို တာကိုလည်း တိုင်းရင်းသားခေါင်း ဆောင်တွေကို အသိပေးပြောပြ ထားပြီးပါပြီ။ လက်နက်တွေယူမ လာဖို့ကိုလည်း မှာထားပြီးသားပါ။ ကိုယ်ပိုင်ကားယူလာမယ့်သူ တွေ ယူလာ။ မယူလာနိုင်တဲ့သူတွေစီးဖို့ ကျွန်တော်တို့က တစ်ဦးချင်းစီအလိုက် စီစဉ်ပေးသွားမယ်’’ဟု ဦးဇော်ဌေးက ပြော သည်။
အဆိုပါညီလာခံသို့ တက် ရောက်မည့် လူဦးရေ တစ်ထောင် ကျော်ရှိမည်ဟု အစိုးရတာဝန်ရှိ သူများက ခန့်မှန်းထားသည်။
7daydaily
Loading...