မိသားစုဝမ်းရေး လက်ဝှေ့ထိုးဖြေရှင်းသည့် ထိုင်းကျောင်းသူ လှပျိုဖြူလေး (ရုပ်သံ)



_________________________________________________________


လက်ဝှေ့လို့ ပြောရင်တော့ ကြိုးဝိုင်းထဲမှာ ကျားကျားလျားလျား ယောက်ျားကြီးတွေ ထိုးသတ်နေတာကို မျက်စိထဲမှာ ပြေးမြင်မိမှာပါ။
ဒါပေမယ့်လည်း ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်က အသက် ၂၃ နှစ်အရွယ် ကျောင်းသူလေး ရန်ဂျရာ နွန်း ကီထရတ်ဆာကတော့ ကျောင်းစရိတ်နဲ့ မိသားစုဝမ်းရေးကို လက်ဝှေ့ထိုးပြီး ဖြေရှင်းနေပါတယ်။
သူ့ကို ချောမောလှပတဲ့ အမျိုးသမီး လက်ဝှေ့သမားလို့ ထိုင်းမီဒီယာတွေက တင်စားခေါ်ဝေါ်နေပါတယ်။
လက်ဝှေ့စထိုးတုန်းကတော့ ဒူးနဲ့ ညို့သကျည်းတွေမှာ အမာရွတ်တွေချည်းပဲလို့ ထိုင်းဘန်ကောက်ပို့စ် သတင်းဌာနရဲ့ ဖြစ်ရပ်မှန် ရုပ်သံဇာတ်လမ်းမှာ ကီထရတ်ဆာက ပြောပါတယ်။
ကျွမ်းကျင်တဲ့ လက်ဝှေ့သမားတွေလောက်တော့ လေ့ကျင့်တာ မရှိသလို လေ့ကျင့်မှုကတော့ ပြင်းထန်တယ်လို့ သူက ပြောပါတယ်။
လက်ဝှေ့ထိုးလို့ရတဲ့ ၀င်ငွေနဲ့ မိဘကို ပြုစုစောင့်ရှောက်သလို ပညာရေးအတွက် လိုအပ်တဲ့ အသုံးစရိတ်တွေကို အသုံးပြုတယ်လို့ ဆိုပါတယ်။
DVB