ပါတီတခုတွင်း ကခုန်ပြီး ဆေးခြောက်အသုံးပြုသည့် အိုဘားမားသမီးရုပ်သံ ဝေဖန်ခံရ

_________________________________________________________


ကပွဲပါတီတခုမှာ အမေရိကန်သမ္မတ အိုဘားမားရဲ့ သမီးအကြီးဖြစ်သူ မာလီယာ အိုဘားမားရဲ့ ကခုန်ကာ ဆေးလိပ်သောက်သုံးနေတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထွက်ပေါ်လာခဲ့ပြီး နောက်မှာ ဝေဖန်မှုတွေ ထွက်ပေါ်လာနေခဲ့ပါတယ်။

မာလီယာဟာ ပြီးခဲ့တဲ့လက ချီကာဂိုမြို့မှာ ကျင်းပခဲ့တဲ့ လိုလာပါလူဇာဂီတဖျော် ဖြေပွဲမှာ ကခုန်ကာ ဆေးလိပ်သောက်သုံးခဲ့တာတွေကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ဖမ်းယူ ရရှိခဲ့တာပါ။

ရေဒါအွန်လိုင်းသတင်းမှာ ဖော်ပြချက်မှာတော့ အသက် ၁၈ နှစ်အရွယ် ဆယ်ကျော်သက် မာလီယာသောက်သုံးနေခဲ့တဲ့ စီးကရက်ဟာ မျက်မြင်သက်သေတွေရဲ့ အဆိုအရ ဆေးခြောက်ပါဝင်နေတယ်လို့ ပြောပါတယ်။

ပုံတွေထဲမှာတော့ မာလီယာဟာ ဘောင်းဘီအတိုနဲ့ အင်္ကျီကြပ်ကြပ်ကို ၀တ်ဆင်ထားခဲ့ပြီး သူ့ရဲ့ ဒီအပြုအမူဟာ မိဘတွေရဲ့ ကိုယ်ကျင့်သိက္ခာကို ထိခိုက်စေတယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်နေခဲ့တာပါ။

ဂျာဒင်းဆယ်လ်ဝင်းအမည်ရတဲ့ အသက် ၁၈ နှစ်အရွယ် ဆယ်ကျော်သက်တဦး ကတော့ မာလီယာ ဆေးလိပ်သောက်သုံးနေတာကို ဇူလိုင် ၃၁ ရက်နေ့မှာ မြင်ဖူးခဲ့တယ်လို့ အမေရိကန် သတင်းဝက်ဘ်ဆိုဒ်တခုကို ပြောခဲ့ပါတယ်။

“ကျမ သူသောက်ခဲ့တဲ့ ဆေးလိပ်အိုးကို သက်သေပြနိုင်ပါတယ်။ ကျမဆီမှာ ဓာတ်ပုံတွေ သက်သေရှိပါတယ်။ ရှင်တို့ ဆေးခြောက်အနံ့ရနေမှာပဲ။ သူ့အနားမှာ ကောင်လေးတွေရှိနေပြီး သူ့ဆီ စီးကရက်တွေကမ်းပေးနေခဲ့တာပါ။ သူက တယောက်ဆီက လှမ်းယူပြီး ၁ မိနစ်လောက်သောက်ခဲ့ပြီးမှ ပြန်ပေးခဲ့တာ။”

အမေရိကန်နိုင်ငံ၊ အီလီနွိုက်စ်ပြည်နယ်၊ ချီကာဂိုမြို့မှာ ဆေးခြောက် ၁၀ ဂရမ် ထက်ပိုတဲ့ ပမာဏကို လက်ဝယ်ထားရှိရင် ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ ၁၀၀ က နေ ၂၀၀ ထိ ပေးဆောင်ရမယ်လို့ မကြာသေးခင်ကမှ သတ်မှတ်ထားခဲ့တာပါ။
မာလီယာဟာ အခုနှစ် နွေဦးရာသီကမှ အထက်တန်းပြီးမြောက်ထားတာဖြစ်ပြီး လာမယ့် ၂၀၁၇ ခုနှစ်မှာ ဟားဗတ်တက္ကသိုလ်ကို တက်ရောက်မှာ ဖြစ်ပါတယ်။

Obama's daughterပြီးခဲ့တဲ့နှစ်ကလည်း မာလီယာဟာ ဘရောင်းတက္ကသိုလ်ဝင်းထဲကို သွားရောက် လည်ပတ်ချိန်မှာ ဘီယာဘူးတွေနဲ့ စားပွဲတင်တင်းနစ်ခုံရှေ့မှာ ရပ်နေခဲ့တဲ့ ဓာတ်ပုံဟာလည်း လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပါသေးတယ်။
CreditL dvb burmese
Loading...