အအေးဆိုင်အမည်ခံပြီး အလုံပိတ်အခန်းများဖွင့်လှစ်သည့် ဆိုင်များကို စီမံချက်ဖြင့် ဖမ်းဆီးမည်

Loading...
_________________________________________________________
ဓါတ်ပုံ - အင်တာနက်

မန္တလေးမြို့တွင်း စားသောက်ဆိုင်၊ အအေးဆိုင်အ မည်ခံ၍ တရားမ၀င်အလုံပိတ်တဲ နှင့် အလုံပိတ်အခန်းများဖွင့်လှစ် သည့် ဆိုင်များကို စီမံချက်ဖြင့် အ ရေးယူမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
တရားမ၀င်အလုံပိတ်တဲ များနှင့် အလုံပိတ်အခန်းများ အ ချိန်ပိုင်းငှားရမ်းဖွင့်လှစ်နေမှုများ ပပျောက်စေရန် စီမံချက်အဖြစ် စတင်ဆောင်ရွက်မည်ဖြစ်ပြီး သ တင်းပေးတိုင်ကြားပါက စစ်ဆေး အရေးယူမည်ဖြစ်ကြောင်း မန္တလေးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝင်းဇော်နိုင်က ပြောသည်။
‘‘အရင်ကတည်းက စီမံချက်အနေနဲ့ စပြီးလုပ်နေတယ်။ တချို့ ဆိုင်တွေကိုလည်း သတိပေးခဲ့တာ ရှိသလို စည်ပင်သာယာဥပဒေနဲ့ ချက်ချင်းအရေးယူခဲ့တယ်။ ဘေး ပတ်ဝန်းကျင်ကနေ သတင်းပေး တိုင်ကြားရင်လည်း စစ်ဆေးအ ရေးယူမှာပါ’’ဟု ဦးဝင်းဇော်နိုင်က ပြောသည်။
သြဂုတ် ၂၆ ရက်က ချမ်းမြ သာစည်မြို့နယ်    သန်လျက် မှော်တောင်ရပ်ကွက်၊ ကန်တော် ကြီး ကန်ပတ်လမ်းရှိ အအေးဆိုင် ၁၁ ဆိုင်ကို စစ်ဆေးခဲ့ရာ အခန်း ပေါင်း ၁၀၉ ခန်း စစ်ဆေးတွေ့ရှိ သဖြင့် အရေးယူနိုင်ရန် စည်ပင် သာယာရေးကော်မတီထံသို့ အ ကြောင်းကြားထားကြောင်း ချမ်း မြသာစည်မြို့နယ် အုပ်ချုပ်ရေး မှူး ဦးအောင်ကျော်စိုးက ပြော သည်။
‘‘အားလုံးကို တန်းတူအရေး ယူရင် ကောင်းတယ်ဗျ။ အရင်က တော့ စစ်ဆေးတာတွေလုပ်မယ် ဆိုရင် ဆိုင်တွေကို ကြိုတင်အ ကြောင်းကြား၊ အဲဒီတော့ဆိုင်တွေ ခဏပိတ်ထားတယ်။ အားလုံး လမ်းကြောင်းရှင်းမှ ပြန်ဖွင့် အဲဒီ လို ဖြစ်နေခဲ့တာ။ ဖမ်းဆီးအရေး ယူမယ်ဆိုရင် အားလုံးတန်းတူ လုပ်သင့်ပါတယ်’’ဟု အလုံပိတ် အခန်းများရှိသည့် အအေးဆိုင်သို့ သွားရောက်ဖူးသည့် အသက် (၁၉) နှစ်အရွယ် အမျိုးသားတစ်ဦး က ပြောသည်။
7daydaily
Loading...

နောက်ဆုံးရသတင်းများ ⇩⇩⇩