Breaking News


ကိုယ့်ကိုယ်ကိုယ် သတ်သေမှု အဖြစ်များဆုံးတံတားပေါ်မှာ လူတွေကိုကယ်တင်နေသူ

Loading...
တရုတ်နိုင်ငံ နန်ကျင်းမြို့က ယန်စီမြစ်တံတားဟာ ကမ္ဘာပေါ်က ကိုယ့်ကိုယ်ကိုယ်သတ်သေမှု အဖြစ်ပွားဆုံး တံတားတွေထဲက တစ်စင်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတံတားပေါ်မှာ ချန်စီဆိုတဲ့ လူတစ်ဦးရှိပြီး သူ့ရဲ့ အလုပ်ကတော့ တံတားပေါ်က မခုန်ချအောင် လူတွေကို ဖျောင်းဖျကယ်တင်တာ ဖြစ်ပါတယ်။  ပြီးခဲ့တဲ့ ၁၃ နှစ်အတွင်း လူပေါင်း ၃၀၀ ကျော်ကို တံတားပေါ်မှာ သူက ကယ်တင်ခဲ့ပြီးပြီလို့ သိရပါတယ်။  သူ့အကြောင်းရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်တစ်ခုဟာ  ဆုအမြောက်အများလည်း ရရှိခဲ့ပါတယ်။
 ၂၀၀၃ ခုနှစ်လောက်က သူဟာ နန်းကျင်းမြို့ကို အလုပ်လုပ်ဖို့ ရောက်လာခဲ့တာဖြစ်ပါတယ်။ အဘိုးအိုတစ်ဦးနဲ့တွေ့ပြီး အဆိုပါ အဘိုးအိုက သူ့ကို အကြံညဏ်ကောင်းတွေ များစွာ ပေးခဲ့တယ်လို့ ဆိုပါတယ်။ တစ်နေ့မှာတော့ ဒီအဘိုးအိုဟာ နာမကျန်းဖြစ်ပါတယ်။  သားသမီးတွေဟာ အမွေအကြောင်းပဲပြောနေတာကြောင့် စိတ်ဆိုးပြီး အဘိုးအိုက အစာမစားဘဲနေပါတယ်။ နောက်ဆုံးမှာ အဘိုးအိုသေခဲ့ပါတယ်။
တံတားပေါ်က လူတွေကို ကယ်တင်ဖို့ ဒီဖြစ်ရပ်ဟာ ချန်စီကို လှုံ့ဆော်မှုတွေ ပေးခဲ့ပါတယ်။ အဘိုးအိုကိုသာ သူသွားတွေ့ခဲ့ပြီး စကားပြောနိုင်ခဲ့မယ်ဆိုရင် သေမှာ မဟုတ်ဘူးလို့ ချန်စီက ယုံကြည်နေခဲ့တာ ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ်သတ်သေချင်တဲ့လူတွေကို ကယ်တင်ဖို့ဟာ သတ်သေချိန်မှာ ဖြောင်းဖျနိုင်ရုံတင်မကဘူး နောက်ပိုင်းကိစ္စတွေကပါ အရေးကြီးတယ်လို့ ချန်စီက ပြောပါတယ်။ ဒီ့အတွက် သူက ရုံးခန်းလေးဖွင့်ထားပြီး သူ့ရုံးခန်းမှာ သတ်သေမှုကနေ လွတ်မြောက်လာတဲ့ လူတွေ အေးအေးဆေးဆေး လာနေလို့ ရပါတယ်။ တစ်ခါတစ်ခါ သတ်သေမယ့်လူတွေက ရန်လုပ်တာကြောင့် ချန်စီက ဒဏ်ရာလည်း ရတတ်ပါတယ်။

နန်ကျင်းမြို့ဟာ တစ်နယ်တစ်ကျေးက လာရောက်လုပ်ကိုင်သူတွေများပြီး သတ်သေသူတွေဟာ ဒီလို လာရောက်လုပ်ကိုင်သူတွေ ဖြစ်ပါတယ်။
duwun
Loading...