(၁၃)ရက်သားအရွယ် ညီမဖြစ်သူကို (၆)နှစ်အရွယ် အကိုက ရိုက်သတ်

_________________________________________________________

 အသက် (၆) နှစ်အရွယ် ကလေးငယ်က (၁၃) ရက်သား အရွယ်သာရှိသေးတဲ့ ညီမဖြစ်သူကို သတ်ဖြတ်မှုဖြစ်ပွားခဲ့ပါတယ်

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာ အသက် (၆) နှစ်အရွယ် ကလေးငယ်က (၁၃) ရက်သား အရွယ်သာရှိသေးတဲ့ ညီမဖြစ်သူကို သတ်ဖြတ်မှုဖြစ်ပွားခဲ့ပါတယ်။ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အသက် (၆၂) နှစ်အရွယ် ကက်သ်လင်းဆိုတဲ့ မိခင်တစ်ဦးဟာ မွေးကင်းစသမီးငယ်ကို (၃) နှစ်နဲ့ (၆) နှစ်အရွယ်စီရှိတဲ့ အစ်ကို (၂) ဦးနဲ့အတူ ကားထဲမှာ ထားပြီး ဖုန်းဆိုင်တစ်ဆိုင်ထဲကို ၀င်သွားခဲ့တယ်လို့ဆိုပါတယ်။ 


အဲဒီအချိန်မှာ မွေးကင်းစ ကလေးငယ်က အော်ငိုခဲ့တာကြောင့် (၆) နှစ်အရွယ် အကိုက ဆက်တိုက် ရိုက်နှက်ခဲ့ပြီး ကလေးငယ်သေဆုံး သွားခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ ကလေးငယ်ကို ရိုက်နှက်ခဲ့တဲ့ သားငယ်ရဲ့ အပြစ်မဟုတ်ဘဲ မိခင်ရဲ့ ပေါ့ဆမှုဖြစ်တယ်လို့ ရဲတပ်ဖွဲက ကောက်ချက်ချခဲ့ပြီး ကက်သ်လင်းကို လူသေမှုနဲ့ တရားစွဲဆိုထားခဲ့တယ်လို့ သတင်းမှာ ဖော်ပြခဲ့ပါတယ်။