Breaking News

အမောင်းသင် တိုက်လေယာဉ် ပျက်ကျ လေယာဉ်မောင်း ဗိုလ်ကြီး ၂ ဦး - လေထီးဖွင့် ခုန်ထွက်ခဲ့ရ


Loading...


မကွေးတိုင်း ဒေသကြီး မြို့သစ်မြို့နယ် နှင်းကြမ်းရွာ အရှေ့ဘက်နှင့်
ငယောင်းမရွာ အနောက်တောင်ဘက် တွင် ဒိကနေ့ မနက်ပိုင်းက
MIG-29UB ဝေဟင်တွင် မီးလောင် ပျက်ကြခဲ့ကြောင်းသတင်းရရှိပါတယ်။



-
ယင်း တိုက်လေယာဉ်သည် မကွေး လေတပ်စခန်းမှ ဒုဗိုလ်မှုးကြီးလှိုင်မြင့်
ဗိုလ်မှုးကြီး ကျော်ဇင်သန့် တို့ လေ့ကျင့် မောင်းနှင်နေစဉ် မီးလောင်ပျက်ကြ
ခဲ့ခြင်းဖြစ်ပါသည် ။
-
မကွေး လေတပ်စခန်းမှ လေယာဉ် အမှတ် 2034 MIG-29 UB ကို မင်းလှမြို့
အနီး လေ့ကျင့်ဧရိယာတွင် အနိမ့်ပျံသန်းနေစဉ် မကွေးတိုင်းဒေသကြီး
မြို့သစ်မြို့တွင်ပျက်ပြီး တောင်ပံတစ်ဘက်မှာ ယောင်းမငရွာ တွင် မီးလောင်
ပြုတ်ကျနေခဲ့ကြောင်း ပျက်ကျသည့်နေရာမှ ပေ ၅၀၀အကွာအဝေး အထိ
လေယာဉ် အပိုင်းအစများ လွင့်စင်သွားခဲ့ကြောင်း ဌာနဆိုင်ရာ တာဝန်ရှိ
သူများကပြော ကြားခဲ့ကြသည် ။
-
လေယာဉ်၏ အပိုင်းအစများကို ယောင်းမငရွာသူ  ရွာသားများက တစ်ခုစီ
လိုက်လံ ကောက်စုပုံ ပေးနေကြသည် ။
-
ဒုဗိုလ်မှုးကြီးလှိုင်မြင့် နှင့်ဗိုလ်မှုးကြီး ကျော်ဇင်သန့် တို့နှစ်ဦးမှာ လေထီးဖြင့်
ခုန်ချခဲ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာ မရရှိကြောင်သိရပါတယ်
==========
 ကိုမျိုးသန့်ခိုင်
Loading...