Breaking News


သင်္ဂြိုဟ်ခါနီး ပြန်လည် အသက်ရှင်လာသူ


Loading...

 

ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့ရဲ့အရှေ့မြောက်အရပ် (၅၅) မိုင် အကွာမှာရှိတဲ့ နီရာဘာရှာ အရပ်ဒေသမှာ အသက် (၂၄နှစ်) အရွယ်ရှိ ပေါလ်မူတာရာဟာ အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ပါတယ်။ ဒါပေမဲ့သူဟာ အသက်သေဆုံးခြင်း မရှိဘဲ သဂြိုဟ်ခါနီးမှာ အသက်ပြန် လည်ရှင်သန်လာလို့ အံ့အားသင့်ခဲ့ကြပါတယ်။

          မူတာရာဟာ အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ တာမို့ သူ့ကို မိသားစုဝင်တွေက ဆေးရုံကို ပို့ဆောင်ပြီး ဆေးကုသမှုတွေ ပြုလုပ်ပေးခဲ့ပါသေးတယ်။ ဒါပေမဲ့ ဆေးရုံကို ရောက်တဲ့အခါ ဆရာဝန်တွေက သေဆုံးသွားပြီလို့ အတည်ပြုချက် ပေးခဲ့ပါတယ်။ ဒါကြောင့် သူ့ကို ရင်ခွဲရုံကို ပို့လိုက်ပါတယ်။ ရင်ခွဲရုံကို ရောက်တဲ့အခါ “ကယ်ကြပါဦး” အော်သံကြားလို့ တာဝန်ရှိသူ တစ်ဦးက သွားရောက်ကြည့်ရှုတဲ့အခါ မူတာရာ အသက်ပြန်လည်ရှင်သန်လာတာ တွေ့ရတာ ဖြစ်ပါတယ်။

          ဒီနောက်သူ့ကို ဆေးရုံကို ခေါ်ဆောင်ပြီး ဆေးကုသမှုတွေ ပြုလုပ်ပေးခဲ့လို့ အသက်ချမ်းသာရာ ရရှိသွားခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးဆေးရုံရဲ့ တာဝန်ရှိသူတွေပာာ ပေါ့ဆမှုအတွက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ မူတာရာကတော့ အသက်ပြန်လည်ချမ်းသာပြီး နောက်ပိုင်းမှာ မိသားစုနဲ့ ပျော်ရွှင်စွာ နေထိုင်သွားတော့မှာ ဖြစ်ကြောင်း၊  နောက်တစ်ခါ  ဒီလိုအပြုအမူမျိုး လုပ်မှာမဟုတ်တော့ကြောင်း ပြောကြားသွားခဲ့ပါတယ်။

messengernewsjournal
Loading...