Breaking News


မုဒိမ်းမှု ကျူးလွန်ခဲ့တဲ့ကျောင်းသား ထောင်သုံးလပဲ ကျခဲ့


Loading...

ဇွန်လက မုဒိမ်းမှုကျူးလွန်ခဲ့တဲ့အတွက် ထောင်ကျခဲ့တဲ့ စတန်းဖို့ဒ်တက္ကသိုလ်ကျောင်းသားဟောင်းဟာ ထောင်ထဲမှာ ၃ လပဲ နေခဲ့ရပြီး လာမယ့် သောကြာ (စက်တင်ဘာလ ၂ ရက်) မှာ ထောင်က ထွက်တော့မှာ ဖြစ်ပါတယ်။
အသက် ၂၁ နှစ်အရွယ် ဘရွတ်ခ်တန်နာဟာ တက္ကသိုလ်အသင်းတိုက်တစ်ခုရှေ့က ဖြတ်သွားတဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးမိတဲ့အတွက် ဇွန်လ ၂ ရက်မှာ ထောင်ကျခဲ့တာ ဖြစ်ပါတယ်။
မုဒိမ်းကျင့်ခံရသူမှာ မူးယစ်နေတာမဟုတ်သလို ကျူးလွန်သူကလည်း မူးယစ်နေခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်မှုနဲ့ တန်နာမှာ အပြစ်ရှိကြောင်း ဂျူရီအဖွဲ့က တွေ့ရှိခဲ့ပါတယ်။
တရားသူကြီးက သူ့ကို သက်သက်ညှာညှာနဲ့ ထောင်ဒဏ်ခြောက်လသာ ပေးခဲ့တဲ့အတွက် ပြည်သူများ ဒေါသထွက်ခဲ့ကြရတဲ့အပြင် တရားရုံးရဲ့မှတ်တမ်းတွေအရ တန်နာဟာ ထောင်ဒဏ်တစ်ဝက်ကိုသာ ကျခံရမှာဖြစ်တယ်လို့ ပြနေပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်ရှိ စတန်းဖို့ဒ်ကျောင်းက သူ့ကို ကျောင်းထုတ်လိုက်ပြီဖြစ်တဲ့အတွက် ထောင်က ထွက်လာချိန်မှာ သူဘာလုပ်မယ်ဆိုတာ မသိရပေမဲ့ တရားသူကြီးရဲ့အမိန့်အရ တစ်သက်လုံး မုဒိမ်းမှုကျူးလွန်သူအဖြစ် မှတ်တမ်းတင်ခံရမှာတော့ သေချာပါတယ်။
Source & Photos : Daily Mail
Duwun
Loading...