ထင်းရှုးပင်တွေ အခုတ်မခံရစေဖို့ သင်္ဃန်းစည်းပေး


_________________________________________________________
နှစ်ရှည်ထင်းရှုးပင်တွေ ခုတ်ပြီး လွှတ်တော်ဆောက်မယ့်အစီစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ တောင်ကြီးမြို့မှာ ထင်းရှုးပင်တွေကို သင်္ဃန်းစည်းပေးတဲ့လှုပ်ရှားမှုတစ်ရပ် သြဂုတ် ၁၄ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။

တောင်ကြီးမြို့ သစ်တောရပ်ကွက် အိမ်တော်လမ်းအတွင်းမှာ ရှမ်းပြည်နယ်လွှတ်တော်သစ်တည်ဆောက်ဖို့ စီစဉ်နေတာဖြစ်ပြီး နှစ်ရှည်ထင်းရှုးပင်ကြီး ၃၀ ခန့်လောက် ခုတ်ခံရမယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောထားကြောင်း သိရပါတယ်။ အိမ်မှာ အန္တရာယ်ကင်းအောင် ဘုန်းကြီးပင့် ပရိတ်တရားနာတာတွေနဲ့ အိမ်သစ်ဆောက်ရင် သင်္ကန်းစည်းပေးတာတွေရှိပြီး အခုလည်း ထင်းရှူးပင်တွေ ခုတ်ထွင်ခံရမှာကို ကန့်ကွက်တဲ့အနေနဲ့ အန္တရာယ်ကင်းအောင်လို့ ဒီလှုပ်ရှားမှုကို လုပ်ဆောင်တယ်လို့ ဦးဆောင်လှုပ်ရှားသူ ဒေါ်ချိုမြဦးက ပြောထားပါတယ်။

အဆိုပါလှုပ်ရှားမှုမှာ နှစ်ရှည်ထင်းရှူးပင်ကြီး ၈၀ ကျော်ကို သင်္ကန်းစည်းချည်နှောင်ပေးခဲ့တာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily
Loading...