Breaking News


အမြန်လမ်းတွင် အိမ်စီးကားအရှိန်လွန်တိမ်းမှောက်၍ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး


Loading...
ရန်ကုန်-မန္တလေးအမြန် လမ်း မိုင်တိုင်အမှတ် (၃၀၈)တွင် တိုယိုတာ RAV-4 အမျိုးအစား ကိုယ်ပိုင်ယာဉ်တစ်စီး အရှိန်လွန် တိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်းအမျိုးသား သေဆုံးခဲ့ကြောင်း သ တင်းရရှိသည်။
တိမ်းမှောက်ခဲ့သည့် အိမ်စီး ကားတွင် အမျိုးသားလေးဦးလိုက် ပါလာပြီး သြဂုတ် ၂၆ ရက် မွန်းလွဲ ၂ နာရီခန့်၌ နေပြည်တော်မှ မန္တလေးသို့အသွား မိုင်တိုင်အ မှတ် (၃၀၈)၌ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်ဟု အမြန်လမ်း ကြက်ခြေနီအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

‘‘ကားရှေ့ဘီးပေါက်ပြီး အ ရှိန်လွန်မှောက်သွားတာပါ။ အ ရှိန်ဘယ်လောက်များလဲတော့ မ သိဘူး။ လမ်းဘေးမြေနီလမ်းပေါ် တော်တော်ဝေးဝေး ရောက်တယ်။ ကားမှာတင်ထားတဲ့ ၀က်ခြံလေး တောင် ပြုတ်ထွက်တယ်။ ကား ကတော့ ခေါင်းပိုင်းတစ်ခြမ်းထိ တယ်။ တစ်ယောက်တော့ ဆုံး တယ်’’ဟု ၎င်းကပြောသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ အ မျိုးသားလေးဦးအနက် အသက် (၄၂) နှစ်အရွယ် အမျိုးသား သေ ဆုံးခဲ့ပြီး ကျန်အမျိုးသားသုံးဦးမှာ ထိခိုက်ဒဏ်ရာ အနည်းငယ်ရခဲ့ ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲ အရာရှိတစ်ဦးက ပြောသည်။
 ‘‘သေဆုံးတဲ့သူ အောင် ကျော်စိုး အသက် (၄၂)နှစ်ပါ။ မျက်နှာနဲ့ရင်ဘတ်တွေ ထိတယ်။ စဥ့်ကူးမှာနေတယ်လို့ သိရပါ တယ်။ ညီဖြစ်သူကတော့ ဒဏ် ရာအနည်းငယ်သာရတယ်။ အား လုံးကို မိတ္ထီလာဆေးရုံကို ပို့ပေး ထားပါတယ်။ သေသွားတဲ့သူ ကိုယ်တိုင် မောင်းတာဖြစ်ပြီး ရှေ့ ဘီးပေါက်သွားလို့ လမ်းဘေးဆွဲချ ပြီး မှောက်တာပါ’’ဟု ၎င်းကပြောသည်။
 ယာဉ်တိမ်းမှောက်အောင် မောင်းနှင်ခဲ့သည့် အောင်ကျော်စိုး ကို အမြန်လမ်းရဲတပ်ဖွဲ့က ယာဉ် စည်းကမ်းဥပဒေအရ အမှုဖွင့် ထားသည်။ ယခုရက်ပိုင်း ယာဉ် တိမ်းမှောက်မှုတွင် ကားဘီးပေါက် ကာ ယာဉ်တိမ်းမှောက်မှု များလာ ၍ ယာဉ်ကို စစ်ဆေးပြီးမှ ခရီး သွားသင့်ကြောင်း အမြန်လမ်း ကြက်ခြေနီအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
7daydaily
Loading...