Breaking News


အိမ်ပေါ်မှဆင်းသွားသည့် ဇနီးကို သွားပြန်ခေါ်သည့် ခင်ပွန်းက လမ်းခုလတ်တွင် ဓားဖြင့်ခုတ်သတ်


Loading...
တရားခံကို သိနေပါပြီ။ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်အရရယ်၊ ဆက်စပ်နေတဲ့ ပတ်ဝန်းကျင် စုံစမ်းစစ်ဆေးမှုတွေ အရ
-------------------------------------------------------------------------------------------------
စကားများရန်ဖြစ်ပြီး အိမ် ပေါ်မှဆင်းသွားသည့် ဇနီးကို ခင် ပွန်းက ပြန်လည်ခေါ်ယူပြီး လမ်း တွင် ဓားဖြင့်ခုတ်သတ်ခဲ့သည့်အမှု သြဂုတ် ၂၆ ရက်က ဖြစ်ပွားခဲ့ ကြောင်း ပြည်မြို့နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ပြည်မြို့ရှိ အသက် (၃၅) နှစ်အရွယ် အမျိုးသမီးသည် ခင် ပွန်းဖြစ်သူ အသက် (၂၃) နှစ်အ ရွယ် အမျိုးသားနှင့် စကားများရန် ဖြစ်သောကြောင့် သြဂုတ် ၂၆ ရက်ညနေက အိမ်မှဆင်းသွားခဲ့ သည်။
ယင်းနေ့ ည ၈ နာရီခွဲတွင် ခင်ပွန်းကဇနီးသည် တိမ်းရှောင် နေထိုင်ရာသို့ ဆိုင်ကယ်ဖြင့် လာ ရောက်ခေါ်ဆောင်ပြီး ပြန်ရာလမ်း ခရီး၌ ဇနီးကို ဓားဖြင့်ခုတ်သတ် ခဲ့သောကြောင့် တရားခံဟု ယူဆ ရသော ခင်ပွန်းဖြစ်သူအား လိုက်လံရှာဖွေနေသည်ဟု ပြည်မြို့မ ရဲစခန်းမှူးက ပြောကြားသည်။
‘‘တရားခံကို သိနေပါပြီ။ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်အရရယ်၊ ဆက်စပ်နေတဲ့ ပတ်ဝန်းကျင် စုံစမ်းစစ်ဆေးမှုတွေ အရ သိရှိတာပါ။ သေဆုံးသူဆီမှာ ရှိတဲ့ လက်ကိုင်ဖုန်းမှာ ကျန်ခဲ့တဲ့ အချက်အလက်တွေအရ စုံစမ်းသိ ရှိခဲ့ပါတယ်။ ဒါပေမဲ့တရားခံဖြစ် သူက ထွက်ပြေးတိမ်းရှောင်နေ တာကြောင့် ဖမ်းဆီးရမိနိုင်ဖို့ နယ် မြေခံစခန်းတွေနဲ့ ချိတ်ဆက်ပြီး ရှာဖွေစုံစမ်းနေပါတယ်’’ဟု ပြည် မြို့မ ရဲစခန်းမှူးကပြောသည်။
ပြည်မြို့အထက် နိဗ္ဗိန္ဒဘုန်း ကြီးကျောင်းနှင့် လမင်းရောင်စက် သုံးဆီ အရောင်းဆိုင်အကြားရှိ လမ်းသွယ်တစ်ခုတွင် သေဆုံးသူ အမျိုးသမီးအား ခန္ဓာကိုယ်အနှံ့ပြတ်ရှ၊ ထိုးသွင်းဒဏ်ရာများဖြင့် တွေ့ရှိရကြောင်း ပြည်မြို့မရဲစခန်းမှ သိရသည်။
‘‘အမျိုးသမီးတစ်ယောက်ရဲ့ ကယ်ပါဦးလို့ အော်ဟစ်အကူအ ညီတောင်းသံကြောင့် အနီးမှာရှိ တဲ့ ဆီအရောင်းဆိုင်ဝန်ထမ်းတစ် ဦးက သွားကြည့်တယ်။ အဲဒီမှာ လူသတ်သမားက ဆိုင်ကယ်ပေါ် တက်ပြီး မောင်းပြေးသွားတယ်။ နာရေးကူညီမှုအသင်းတွေဆီ ဖုန်း ဆက်ပြီး ဆေးရုံအမြန်ပို့ပေမယ့် သေဆုံးသွားခဲ့တယ်လို့ သိရ တယ်’’ဟု အောင်သီရိရပ်ကွက်နေ ဒေသခံတစ်ဦးကပြောသည်။
7daydaily
Loading...