လေးလောင်းပြိုင် လူသတ်မှုနဲ့ ပတ်သက်ပြီး သတင်းမှားတင်သူကို ဖမ်းဆီးမယ်



_________________________________________________________


လေးလောင်းပြိုင်လူသတ်မှုနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ဖေ့စ်ဘွတ်ပေါ်မှာ သတင်းမှားတွေ ရေးသားနေသူတွေကို စိစစ်အရေးယူမယ်လို့ ရဲတပ်ဖွဲ့က ပြောထားကြောင်း ပြည်တွင်းသတင်းစာကြီးတစ်စောင်က ဖော်ပြပါတယ်။

မင်္ဂလာဒုံမြို့နယ်မှာ ရဲအရာရှိဟောင်းနဲ့ သူ့ရဲ့မိသားစု သတ်ခံရမှုကို ပြည်သူလူထုက စိတ်ဝင်စားနေချိန်မှာ သတင်းအမှားတွေ ဆက်တိုက်ရေးနေတာကို တွေ့ရတယ်လို့  မင်္ဂလာဒုံမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားထားတာ ဖြစ်ပါတယ်။  မူးယစ်ဆေးဝါးကြောင့် ရန်ငြိုးထားသတ်ဖြတ်ခံရတယ် ဆိုတာကိုလည်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က နေ့ချင်းလိုက်လံစိစစ်ခဲ့ပြီး မဟုတ်မှန်ကြောင်း အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါအမှုအတွက် ရဲချုပ်ဦးဆောင်ပြီး မှုခင်းဆရာဝန်၊ မှုခင်းရဲတပ်ဖွဲ့(CID) တပ်ဖွဲ့မှူးနဲ့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးတို့ ပါဝင်တဲ့ အစည်းအဝေးကို နေပြည်တော်ရုံးချုပ်မှာ သြဂုတ်၂၂ရက်က ပြုလုပ်ခဲ့ပါတယ်။
Photos & Sourcce: 7Day Daily
Loading...