Breaking News

ချစ်သူကြောင့် အားပေးသူ (၇၇)သန်းကျော်ရှိတဲ့ အင်စတာဂရမ်အကောင့်ကို ဂျက်စတင်ဘီဘာ ဖျက်သိမ်း

Loading...


လူငယ်ပရိသတ်တွေရဲ့ကြားမှာ အခိုင်အမာ အားပေးမှု ရထားတဲ့ ပေါ့ပ်အဆိုတော် ဂျက်စတင်ဘီဘာကတော့ သူနဲ့ သူ့ရဲ့ ချစ်သူသစ် ဆိုဖီယာ အပေါ် ဝေဖန်မှုတွေများစွာ ရင်ဆိုင်ခဲ့ရပြီးတဲ့နောက် သူ့ရဲ့ အင်စတာဂရမ်အကောင့်ကို အံ့အားသင့်ဖွယ် ဖျက်သိမ်းလိုက်ပါတယ်။
ဂျက်စတင်ဘီဘာဟာ သူ့ရဲ့ချစ်သူသစ်ဖြစ်တဲ့ အသက် (၁၇) နှစ်အရွယ် မိန်းကလေး ဆိုဖီယာနဲ့ အတူ တွဲရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို အင်စတာဂရမ်မှာ တင်ခဲ့ပြီးတဲ့နောက် ဝေဖန်မှုတွေကို ဆက်တိုက်ရင်ဆိုင်ခဲ့ရပါတယ်။
အဲဒီ ပြသနာတွေရဲ့ အစ ကတော့ ဘီဘာရဲ့ ချစ်သူဟောင်း ဆီလီနာဂိုမက်ဇ်ပဲ ဖြစ်ပါတယ်။
ဆိုဖီယာနဲ့ ဘီဘာတို့ တွဲရိုက်ထားတဲ့ ဓာတ်ပုံအောက်မှာ ရေးထားခဲ့တဲ့ ဆီလီနာဂိုမက်ဇ်ရဲ့ မှတ်ချက်တွေကြောင့် နောက်ပိုင်းမှာ သူမရဲ့ ပရိသတ်တွေကပါ ဂျက်စတင်ဘီဘာကို တိုက်ခိုက်လာခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ဘီဘာရဲ့ ပရိသတ်တွေနဲ့ ဆီလီနာဂိုမက်ဇ်ရဲ့ ပရိသတ်တွေက ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေနဲ့ တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်ခဲ့ကြပြီး ပြသနာတွေ ကြီးမားသွားခဲ့တာပါ။
ဂျက်စတင်ဘီဘာရဲ့ အင်စတာဂရမ်အကောင့်ဟာ အားပေးသူပေါင်း (၇၇) သန်းကျော် ရှိနေခဲ့လို့ ဒီလိုမျိုး ဖျက်သိမ်းလိုက်ခြင်းဟာ ပရိသတ်တွေအတွက် အံ့အားသင့်စရာဖြစ်ခဲ့ရတာပါ။
ဘီဘာကတော့ ပရိသတ်တွေအနေနဲ့ ဆက်လက်ပြီး အမုန်းပွားနေဦးမယ်ဆိုရင် သူ့အနေနဲ့ အင်စတာဂရမ်ကို တစ်ကိုယ်ရေအတွက်ပဲ သုံးတော့မှာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
Ref:Dailystar

Loading...