Breaking News

မုန့်များထဲ မူးယစ်ဆေးဝါး ဖွက်ပြီး ယူဆောင်လာသည့် မြန်မာအမျိုးသမီးတစ်ဦးကို ယူနန်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ


Loading...


အသက် ၁၈ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးအား ယူနန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ပါဝင်သည့် လမုန့်အခု ၈၀ သယ်ယူလာမှုဖြင့် ဖမ်းဆီးထားသည်ဟု တရုတ်ရဲတပ်ဖွဲ့က ပြောကြားသည်။ ထိုအမျိုးသမီးသည် ကိုယ်ဝန် လေးလရှိနေသဖြင့် တရားရုံးမှ အာမခံရရှိခဲ့သည်ဟု ဒေသခံ သတင်းဌာန yunnan.cn က ဖော်ပြသည်။
ယင်းက ယူနန်ပြည်နယ် မြို့တော် ကူမင်းရှိ လူနေအိမ်တစ်ခုတွင် သြဂုတ်လ ၁၅ ရက်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ ယင်းနှင့်အတူ ကတ်ထူစက္ကူပုံး ၂ ခုအတွင်း လမုန့်ဘူး ၂၀ တွေ့ရှိခဲ့ပြီး “အိုက်စ်” ခေါ် မီသာဖီတမင်း မူးယစ်ဆေး ၂၉၈၉.၉ ဂရမ် ပါဝင်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
ယင်း၏ သူဌေးဖြစ်သူက တရုတ် မှတ်ပုံတင်ကတ် အတုတစ်ခု ပြုလုပ်ပေးကာ တရုတ်နိုင်ငံအတွင်း မူးယစ်ဆေး ရောင်းဝယ်စေခဲ့ခြင်းဖြစ်သည် ဟု ပြောကြား သည်။ ထိုသို့ မူးယစ်ဆေးသယ် ဆောင်ရောင်းချပေးခြင်းအတွက် ယွမ် ၅၀၀၀ (ဒေါ်လာ ၇၅၀ ခန့်) ပေးမည်ဟု သူဌေးက ပြောကြားထားသည်ဟု ဆိုသည်။ အမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ထပ်မံပြုလုပ်လျက်ရှိသည်ဟု ပြောကြားသည်။
KHTun
The Ladies News
Loading...