Breaking News

ဒုတိယတန်းကျောင်းသူအား သတ်ဖြတ်သူကို ဖမ်းမိ


Loading...

                             အရက်မူးနေချိန်မှာ ကလေးကို မှိုနဲ့မျှားခေါ်ပြီး သတ်ခဲ့တာဖြစ်ပါတယ်။

အသက် ၉ နှစ်အရွယ် ဒုတိယတန်းကျောင်းသူကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ  သတ်ဖြတ်သွားခဲ့သူကို ဖမ်းဆီးရမိခဲ့ပြီလို့ သိရပါတယ်။ တရားခံက ဆီဆိုင်မြို့နယ် ကောင်မူဗွာ ကျေးရွာဘက်ကို ထွက်ပြေး တိမ်းရှောင်နေတာဖြစ်ပြီး သြဂုတ် ၁၈ ရက်နေ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် နောင်သံကျေးရွာမှာ အသက် (၉)နှစ်အရွယ် ကျောင်းသူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တာဖြစ်ပြီး သြဂုတ် ၉ ရက်နေ့က အလောင်းကို ရွာထိပ်ဝါးရုံတောမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အရက်မူးနေချိန်မှာ ကလေးကို မှိုနဲ့မျှားခေါ်ပြီး သတ်ခဲ့တာဖြစ်ကြောင်း ကျူးလွန်သူက ဝန်ခံထွက်ဆိုထားတယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ  ရဲအရာရှိတစ်ဦးက ပြောကြားထားပါတယ်။
Photos & Source: 7Day Daily
Loading...