ရည်းစားဟောင်းက အက်ဆစ်ဖြင့်ပက်သည့် အမျိုးသမီးဆေးကုသရန်အခက်အခဲရှိနေ


_________________________________________________________


မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် အမျိုးသမီးတစ်ဦး အက်ဆစ်ဖြင့် ပက်ပြီးအကြမ်းဖက်ခံရခဲ့ကြောင်းကို အမျိုးသမီးအရေးကူညီပေးနေသည့် အဖွဲ့အစည်းများက Summit Parkview ဟိုတယ်၌သရုပ်ပြပွဲများပြုလုပ်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ယင်းအမျိုးသမီးသည် အသက် ၂၃ နှစ် အရွယ်ရှိပြီဖြစ်ကာ မေလ ၂၂ ရက်နေ့တွင် ၎င်း၏ရည်းစားဟောင်းမှ အက်ဆစ်ဖြင့်အပက်ခံခဲ့ရခြင်းဖြစ်ပြီး မျက်လုံးတစ်လုံး၊ နားတစ်ဖက်၊မျက်နှာတစ်ခြမ်း၊လည်ပင်း၊ပုခုံး၊ လက်နှစ်ဖက်နှင့်ရှေ့ရင်ဘတ်တခြမ်း ဒဏ်ရာ ရရှိနေပြီး လက်ရှိတွင် ဆေးကုသရန် အခက်အခဲဖြစ်နေကြောင်း ကူညီပေးနေသည့် အဖွဲ့အစည်းများထံမှ သိရသည်။




အဆိုပါသတင်းစာရှင်းလင်းပွဲကို အခရာအမျိုးသမီးအဖွဲ့၊ကရင်အမျိုးသမီးဖွဲ့ဖြိုးတိုးတက်ရေးအဖွဲ့၊
 Myanmar Women Positive Network တို့ကပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်သူအသံနှင့် တောင်းဆိုမှုဟူ၍ တက်ရောက်လာကြသူများ၏ အမြင်များကို တောင်းခံခဲ့သည်။

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများကို ထိရောက်စွာ အရေးယူအပြစ်ပေးရေး နိုင်ငံတော်အစိုးရမှ အလေးထားဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးများအကြမ်းဖက်ခံရမှုသည် တစ်ဖြေးဖြေးပိုများလာကြောင်း ၂၀၁၆ ခုနှစ်တွင် ပိုမိုများလာကြောင်း အဆိုပါအဖွဲ့အစည်းများက ပြောကြသည်။

လင်းဟိန်း
Popular news