အသက်၆၄နှစ်အရွယ်အမျိုးသားတစ်ဦးကိုအသက်၆၅နှစ်အရွယ်အမျိုးသားတစ်ဦးမှ ဓါးဖြင့်ခုတ်သဖြင့် သေဆုံးမှုဖြစ်ပွား

Loading...
_________________________________________________________



ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဆိုင်နီးချင်းမှ ဓါးဖြင့် ခုတ်လိုက်သည့်အတွက်တစ်ဦးသေဆုံးသွားကာ ဓားဖြင့် ခုတ်သည့်သူထွက်ပြေးတိမ်းရှောင်နေသည့်ဖြစ်စဉ်တစ်ခု သြဂုတ်၁၃ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။လားရှိုးမြို့ ရပ်ကွက်(၁)အုပ်ချုပ်ရေးမှူးရုံးဝန်းအတွင်း ဖွင့်လှစ်ထားသော ၀မ်းစတား လဖက်ရည်ဆိုင်မှဦးသောင်းဝင်းစိုးမှာ ၄င်း၏ဆိုင်၌ လမ်းမဖက်အားကျောခိုင်းပြီးထိုင်နေစဉ် ဆိုင်ချင်းကပ်လျက် ကုန်စုံဆိုင်မှ
ဦးတင်အောင်ဆိုသူက နောက်ကျောဖက်မှ ဓါးဖြင့်ခုတ်လိုက်ခြင်းကြောင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“အပြင်ကနေလှမ်းအော်လို့ ဆိုင်နောက်ကနေ ၀င်လာကြည့်တော့ သွေးတွေနဲ့လဲနေတာကို တွေ့ရပါတယ်။ အဲဒီအချိန်ထိ ဦးတင်အောင်က သူ့ဆိုင်ထဲမှာ ထိုင်နေပါသေးတယ်။ ရပ်ကွက်ရုံးကို သွားသတင်းပို့ပြီးပြန်လာ တော့မှ ဦးတင်အောင်က ထွက်ပြေးသွားတာပါ” ဟု ဓါးနှင့်ခုတ်ခံရသူ၏ဇနီး ဒေါ်ခင်အုန်းဝင်းက ပြောသည်။အဆိုပါနှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး ရန်ညှိုးမရှိကြောင်း၊ စီးပွားရေးယှဉ်ပြိုင်ရာမှ ယခုလိုမျိုးဖြစ်သွားခဲ့ရကြောင်း ပတ်ဝန်းကျင်မှ ဝေဖန်ပြောဆိုမှုများအရသိရသည်။“ဖမ်းဆီးရမိရေးအတွက်ဆက်လက် ဆောင်ရွက်နေပါတယ်။ အခုလည်း သက်ဆိုင်ရာကျေးရွာက ပြည်သူ့ စစ်တွေနဲ့ တောနင်းပြီး ရှာနေပါတယ်” ဟု လားရှိုးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဖေ၀င်းက ပြောသည်။လားရှိုးမြိုနယ် ရပ်ကွက်(၁)ရန်အောင်မြင်ဘုးရာအနီးတွင်နေထိုင်သူ ဦးတင်အောင်၆၅အား လားရှိုးမြို့မရဲစခန်း (ပ)၃၁၆/၂၀၁၆ ၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ အရ အမှုဖွင့်အရေးယူထာကာ ဓါးဖြင့်အခုတ်ခံရသူ သေဆုံးသွားခြင်းကြောင့် ၃၀၂ ဖြင့် ပြောင်းလဲဖွင့်လှစ်ထားကြောင်း သိရသည်။

ရတနာပုံသတင်းစာ
Loading...