ရှမ်းပြည်က သုံးလောင်းပြိုင်လူသတ်မှု ဖြစ်စဉ်မသိရသေး

_________________________________________________________


ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နယ်၊ တောင်နီကျေးရွာ၌ 
မိသားစုဝင် (၃) ဦး အသတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ မည်ကဲ့သို့
ဖြစ်ပွားခဲ့သည်ကို မသိရှိရသေးဘဲ စုံစမ်းနေဆဲသာဖြစ်ကြောင်း
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှသိရသည်။
အဆိုပါ မိသားစုဝင် ၃ ဦးသေဆုံးမှုကို ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ရဲစခန်းသို့
အကြောင်းကြားခဲ့သဖြင့် သြဂုတ်လ ၂၁ ရက်နေ့ ၌ အမှုဖွင့် အရေး
ယူထားကြောင်း သိရသည်။
"အခုလက်ရှိမှာတော့ ပြစ်မှုကျူးလွန်သူကို ရှာဖွေနေတုန်းပါ ဘာကြောင့်
သတ်သွားလဲ ဆိုတာလည်း မသိရသေးပါဘူး အမှုဖွင့်ထားတယ်အထိပဲ
ရှိပါသေးတယ်" ဟု ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ ဒုရဲမှူးမျိုးဦး ကပြောသည်။
အဆိုပါ အသတ်ခံရသူ(၃)ဦးတွင် (၆)တန်းကျောင်းသူတစ်ဦးနှင့်
ဒုတိယတန်းကျောင်းသား တစ်ဦးတို့ အသတ်ခံခဲ့ရပြီး လက်ရှိတွင်
ရွှေညောင်ရဲစခန်းတွင် (ပ) ၈၂/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၀၂(က)
ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ဧကရီကျော်
Popular News Journal

Loading...