Breaking News


မိန်းမလျာတစ်ဦးကို ရေနွေးဖြင့်လောင်းချခဲ့သူ ထောင်ဒဏ်အနှစ် ၄ဝကျခံရဖွယ်ရှိ


Loading...
မိန်းမလျာတစ်ဦးအား ရေနွေးဖြင့်လောင်းချခဲ့သည်ဟု စွပ်စွဲခံ ထားရသူတစ်ဦးအား ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိခဲ့၍ ထောင်ဒဏ်အနှစ် ၄ဝ
=========================================
အမေရိကန်တရားရုံးတစ်ခုသည် ဂျော်ဂျီယာပြည်နယ်၌ မိန်းမလျာတစ်ဦးအား ရေနွေးဖြင့်လောင်းချခဲ့သည်ဟု စွပ်စွဲခံ ထားရသူတစ်ဦးအား ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိခဲ့၍ ထောင်ဒဏ်အနှစ် ၄ဝ ချမှတ်ဖွယ်ရှိနေကြောင်း အင်ဒီပန်းဒန့် သတင်းစာက ဖော်ပြသည်။
ပြစ်မှုကျူးလွန်သူသည် အတ္တလန္တာမြို့တွင်နေထိုင်လျက် ရှိသည့် ကုန်တင်ယာဉ်မောင်းတစ်ဦးဖြစ်သူ မာတင်ဘလက် ဝဲလ်ဆိုသူဖြစ်သည်။ အသက် ၄၈ နှစ်အရွယ်ရှိပြီဖြစ်သော မာတင်ဘလက်ဝဲလ်သည် မာကွက်စ်တိုဘက်ဟု အမည်ရသော မိန်းမလျာတစ်ဦးအား မြို့တွင်း၌တွေ့ရှိခဲ့ပြီးနောက် ပြစ်မှု ကျူးလွန်ရန် ကြံစည်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ မာတင် ဘလက်ဝဲလ်သည် မာကွက်စ်တိုဘက်နှင့် ၄င်း၏အမျိုးသား အဖော်တို့ ဝင်ရောက်သွားသည့်တိုက်ခန်းအတွင်းသို့ လိုက်သွား ကာ ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု တရားရုံး၏စစ်ဆေးမှု များအရ တွေ့ရှိခဲ့သည်။
မာတင်ဘလက်ဝဲလ်က ပြစ်မှုကျူးလွန်ကြောင်းကို ဝန်ခံ ခြင်းမရှိသေးသော်လည်း တရားလိုများနှင့် မျက်မြင်သက်သေ များ၏ထွက်ဆိုချက်များအရ ၄င်းသည် မာကွက်စ်တိုဘက်နှင့် ၄င်း၏အမျိုးသားအဖော်တို့အား ရေနွေးအပြည့်ထည့်ထားသည့် ကရားဖြင့် ခန္ဓာကိုယ်ပေါ်သို့ လောင်းချခဲ့သည်ဟု တွေ့ရှိထား သည်။                              

NG (Ref : Independent)
uniondaily
Loading...