လေးလောင်းပြိုင် လူသတ်မှုမှ သံသယရှိသူ တစ်ဦးကို ခေါ်ယူ စစ်ဆေး

_________________________________________________________


အစိုးရသစ်လက်ထက် ဖြစ်ပွားခဲ့သည့် ရာဇဝတ်မှုများ အနက် ပြည်သူအများ ထိတ်လန့်တုန်လှုပ်စေမည့် လေးလောင်းပြိုင် လူသတ်မှုမှ သံသယရှိသူ အမျိုးသား တစ်ဦးကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရုံးတွင် စစ်ဆေးနေကြောင်း ရဲအသိုင်းအဝိုင်းထံမှ သိရသည်။

စစ်ဆေးခံရသော သံသယရှိသူမှာမြောက်ဥက္ကလာပ မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး အသတ်ခံရသော ရဲအရာရှိဟောင်းကို  ငွေကျပ် ၁၅ သိန်းပေး၍ အမှုအပ်ခဲ့သူဖြစ်ကြောင်း ယင်းအသိုင်းအဝိုင်းမှ သိရသည်။

ဝေဘာဂီမှာ without ဆိုင်ကယ် စီးလို့ ဖမ်းခံရသူက ထောင်မကျအောင် ရဲထွက်ကို ဆိုင်ရာပိုင်ရာ လိုက်ခိုင်းပေးဖို့  ငွေ ၁၅ သိန်း ပေးခဲ့ပေမဲ့ မလွတ်ဘဲ့ သူထောင်ကျသွားတယ်၊ အခု  သူ ပြန်လွတ်လာတာ တစ်လ မကြာသေးဘူး ဒီမိသားစု အသတ်ခံရတယ် ဒါကြောင့် ခေါ်စစ်နေတာပါ ဟု ယင်းအမှု စစ်ဆေးရေးမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

လက်ရှိ ဖမ်းဆီးစစိဆေးနေသူမှာ လေးလောင်းပြိုင် လူသတ်မှုမှ မသင်္ကာဖွယ် စစ်ဆေးနေသူတစ်ဦးဖြစ်ပြီး လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာသည့် သေဆုံးသူ အိမ်ရှင်အမျိုးသမီး ဓာတ်ပုံရိုက်ထားသည့် အခင်းဖြစ်နေအိမ်ရှေ့မှ လူစိမ်း အမျိုးသား သုံးဦးကိုလည်း ရဲတပ်ဖွဲ့က အပူတပြင်း စုံစမ်းနေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

The voice
Loading...