Breaking News


စိန်လယ်ကျေးရွာအနီး ရထားလမ်းတွင် လူတစ်ဦး ရထားကြိတ်မိ၍ သေဆုံး


Loading...


စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ၀န်းသိုမြို့နယ် ရဲစခန်းတောင်ဖက် ခြောက် မိုင်ခန့် စိန်လယ်ကျေး
ရွာအနီး ရထားလမ်းတွင် လူတစ်ဦး ရထားကြိတ်မိ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ၁၈ ရက် နံနက် ၁၁နာရီခွဲအချိန် ဒုရဲအုပ် ကျော်စိုးမြင့်သည် ၀န်းသိုမြို့မရဲစခန်းတွင် တာဝန်မှုးတာဝန်ဆောင်ရွက်နေ စဉ် ၀န်းသိုမြို့နယ် လက်ပံကြီးတောအုပ်စု စိန်လယ်ကျေးရွာအနီး ရထါးလမ်းမိုင်တိုင်အမှတ် ၅၃၈/၂ တွင် လူတစ်ဦးသေဆုံးနေကြောင်း တယ်လီဖုန်းဖြင့်သတင်းပေးချက်အရ သက်သေများနှင့်အတူသွားရောက်စစ်ဆေးခဲ့ရာ ၀န်းသို-ကောလင်း ရ
ထားလမ်းပေါ်တွင် နန်းဝင်း ၃၆နှစ်(ဘ)ဦးခင်မေါင်ဇီးဖြူပင်ကျေးရွာ ၀န်းသိုမြို့နယ်နေသူမှာ ရထားကြိတ်သည့်ဒဏ်ရာဖြင့်သေဆုံးနေသည် ကို တွေ့ရှိရသဖြင့် ရဲဆေးစာဖြင့် ၀န်းသိုပြည်သူ့ဆေးရုံသို့
ပေးပို့ထားကြောင်း သိရသည်။ နန်းဝင်း သေဆုံးရခြင်းမှာဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးသိရှိနိုင်ရန်အတွက် ဒုရဲအုပ် ကျော်စိုးမြင့် မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ၀န်းသိုမြို့မ ရဲစခန်းမှ သေမှု/သေခင်း အမှတ်စဉ်(၁၄/၂၀၁၆)အရ အမှုဖွင့်ပြီး
ဝန်းသိုမြို့မရဲစခန်းမှူး ဒုရဲမှူး တင်မောင်သက် မှ စစ်ဆေးနေကြောင်း သိရသည်။


ရတနာပုံ သတင်းစာ

Loading...