Breaking News

အိုင်အက်စ်များ မြန်မာပြည်ထဲ ရောက်နေတယ်ဆိုတာဟာ ကောလဟလသာဖြစ်


Loading...


ဖယ်ခုံမြို့မှာ အိုင်အက်စ်တွေ ရောက်ရှိနေတယ်ဆိုတဲ့ သတင်းတွေ မကြာသေးခင်က ထွက်ပေါ်ခဲ့ပါတယ်။
အိုင်အက်အဖွဲ့တွေ မြန်မာပြည်ထဲရောက်နေတယ်ဆိုတဲ့ သတင်းကို စိစစ်လိုက်တဲ့အခါမှာ မဟုတ်ဘဲ ကောလဟလသာဖြစ်တာကို တွေ့ရတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က ပြောကြားလိုက်ပါတယ်။
 သြဂုတ် ၁၆ ရက်ကပြုလုပ်တဲ့ အစိုးရသစ် ရက် ၁၀၀ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပြီး မိမိတို့အနေနဲ့ လုံခြုံရေးကို တင်းတင်းကြပ်ကြပ်ဆောင်ရွက်နေတယ်လို့လည်း ဦးတင်မြင့်က ဆိုပါတယ်။ ပြည်ပနိုင်ငံတွေမှာဖြစ်ပွားနေတဲ့  အိုင်အက်စ်တွေရဲ့ ဖြစ်စဉ်တွေကြောင့် မြန်မာနိုင်ငံတွင်းသို့ အိုင်အက်စ်အဖွဲ့တွေ ဝင်ရောက်လာနိုင်တာကို သတိထားဖို့ ခရိုင်၊ မြို့နယ်အဆင့်ကနေ ရပ်ကျေး အဆင့်ထိ ညွှန်ကြားချက်ထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။
ရှမ်းပြည်နယ် ဖယ်ခုံမြို့မှာ အိုင်အက်စ်တွေ ရောက်ရှိနေတယ်ဆိုတဲ့ သတင်းတွေ မကြာသေးခင်ရက်ပိုင်းအတွင်းက ထွက်ပေါ်ခဲ့ပါတယ်။
Photos & Source: 7Day Daily
Loading...