Breaking News

အချင်းချင်းစနောက်ရာမှ ရန်ကုန်မြစ်အတွင်း မျောပါသွားသော လူငယ်ကို ရှာဖွေသော်လည်း မတွေ့

Loading...

ရန်ကုန်မြို့ ဘုန်းကြီး လမ်း တံတားအမှတ်(၁)ဆိပ်ကမ်း တွင် သြဂုတ် ၂၇ရက်ညက  ရန်ကုန် မြစ်အတွင်း ရေနစ်ပျောက်ဆုံး ခဲ့သော အသက်(၂၆)နှစ်အရွယ် အမျိုးသားတစ်ဦးကို သြဂုတ် ၂၈ရက်ညက ရှာဖွေရေးအဖွဲ့ဝင် ၂၀ကျော်ဖြင့် ပြန်လည်ရှာဖွေခဲ့သော်လည်း မတွေ့ရှိကြောင်း သတင်းရရှိသည်။

ဘုန်းကြီးလမ်း တံတားအ မှတ်(၁)ဆိပ်ကမ်းတွင် သြဂုတ် ၂၇ရက် ည ၈နာရီခန့်က လူငယ် လေးဦး လာရောက်အပန်းဖြေစဉ် လူငယ်နှစ်ဦးက အချင်းချင်းစနောက်ရင်း နှစ်ဦးလုံးရေထဲပြုတ်ကျခြင်းဖြစ်ကြောင်း သေဆုံးသူ၏ သူငယ်ချင်းတစ်ဦးက ပြောသည်။
ရေနစ်သွားသောလူငယ်နှစ် ဦးထဲမှ တစ်ဦးသည်ကုန်းပေါ်သို့ ချက်ချင်းပြန်တက်သော်လည်း ကျန်တစ်ဦးမှာ ရေစီးဖြင့်မျောပါ ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ရေထဲကျသူလူငယ်နှစ်ဦးစ လုံးသည် ရေကူးတတ်ခြင်းမရှိဘဲ တစ်ဦးမှာ ကုန်းမြေရှိသည့် ဘက် သို့ခြေထောက် ထောက်မိ၍ အ သက်မသေဘဲ ပြန်လည်လွတ် မြောက်သွားခြင်းဖြစ်ကြောင်း သေဆုံးသူ၏ သူငယ်ချင်းတစ်ဦးက ပြောသည်။
‘‘ဒီနေ့ည ၇နာရီ၁၉မိနစ် လောက်က ကျွန်တော်တို့အလုံမြို့ နယ်မီးသတ်စခန်းကို မနေ့ည ၈ နာရီက ကလေးနှစ်ယောက်ဆော့ ရင်းရေထဲပြုတ်ကျပြီး တစ်ဦး ပျောက်နေတယ်။ သူတို့နည်းသူ တို့ဟန်နဲ့ရှာတာရှာလို့မရတော့ ဘူး။ အခု မီးသတ်ကိုအကြောင်း ကြားလို့ လာရောက်ရှာဖွေတာ ပါ’’ဟု သြဂုတ် ၂၈ရက် ညက ဦးဆောင်ရှာဖွေခဲ့သည့် အနောက်ပိုင်းခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဦးဌေးဝင်းက ပြောသည်။
သြဂုတ် ၂၈ရက် ည ၈နာရီ ကျော်တွင် ရန်ကုန်မြစ်ရေကျချိန် တွင် မီးသတ်အင်အား နှစ်ဆယ် ခန့်ဖြင့် ၄၅မိနစ်ခန့်ရှာဖွေခဲ့သော် လည်း ပျောက်ဆုံးနေသောအမျိုး သားအလောင်းကို ရှာမတွေ့သ ဖြင့် ရှာဖွေမှုရပ်ဆိုင်းခဲ့သည်။
အနောက်ပိုင်းခရိုင်မီးသတ် ဦးစီးမှူးလက်ထောက်ညွှန်ကြား ရေးမှူးဦးဌေးဝင်းက ‘‘ဖြစ်နိုင်ခြေ ရှိတဲ့နေရာတွေ ငုံ့ကြည့်တာပေါ့။ လိုက်ရှာကြည့်တယ်။ နောက်ဆုံး စမ်းကြည့်ရင်း စမ်းကြည့်ရင်း ရေ အောက်ရေစီးကြမ်းတော့ သွား ဆယ်တဲ့သူတွေမှာ အန္တရာယ်ရှိလို့ ရပ်လိုက်တာပါ’’ဟု ၎င်းကပြော သည်။
7daydaily
Loading...