ရုရှားကယူကရိန်းနယ်စပ်အနီးတွင် စစ်အင်အားကိုဖြည့်တင်း


_________________________________________________________

ရုရှားနှင့်ယူကရိန်းတို့ သည် ခရိုင်းမီးယားအရေးနှင့်ပါတ်သက်ပြီးတင်းမာ မှုများလျော့ချကြရန် အမေရိကန် ဒုတိယသမ္မတပန်ကြားပြောဆို ခဲ့သော်လည်းရုရှားသည် ယူကရိန်းနယ်စပ်ဖြစ်သောနိုင်ငံအနောက်ဘက် နယ်စပ်မျဉ်းတစ်လျှောက်စစ်အင်အားကိုဖြည့်တင်းလျက်ရှိပြီးယူကရိန်းကိုအချိန်မရွေးတိုက်ခိုက်နိုင်သောအနေအထားနှင့်အကွာအဝေးတွင်လည်း စစ်သားထောင်သောင်းချီ၍ ချထားလိုက်ပြီဖြစ်ကြောင်းသိရသည်။ 
ရုရှား၏ ဤလှုပ်ရှားမှုသည် ခရိုင်းမီးယားအရေးနှင့်ပါတ်သက်ပြီးနေတိုး အဖွဲ့ ၏ ခြိမ်းချောက်မှုများကိုပြောင် ပြောင်တင်းတင်းတုန့် ပြန်လိုက်သည့် သဘောဖြစ်ပြီးစစ်အင်အားဖြည့်တင်းသည့် ပုံစံကိုကြည့်ရှုရာတွင်လည်း ယာယီနေရာချထားခြင်းမျိုးမဟုတ်ဘဲအမြဲတမ်းနေရာယူထားမည့်အသွင်ကိုဆောင်နေကြောင်း၊ ရုရှားသည် အမေရိကန်ဥိးဆောင်သောမဟာမိတ်တပ်ဖွဲ့ များက ဖိအားပေးနေခဲ့သောကာလပတ်လုံး ကလည်းယူကရိန်းနယ်စပ်တလျှောက်တွင် စစ်အားကိုလျှို့ ဝှက်ချထားခဲ့ရာမှ ယခုအခါ မြင်သာထင်သာရှင်းလင်းစွာနေရာ ယူလိုက်ခြင်းပင်ဖြစ်ကြောင်းသိရသည်။ ရုရှားရဲ့ ယူကရိန်းနယ်စပ်စစ် အင်အားဖြည့်တင်းမှုက အင်အားအပြည့်အ၀အသုံးပြုထားပုံ ရပါတယ်။ ဒါဟာယူကရိန်းထဲကရုရှားလိုလားတဲ့သူပုန်တွေအတွက် စစ်ကူတိုက်ပေးဖို့ လိုအပ်လာရင် ချက်ခြင်းကူပေးနိုင်မယ့် တပ်ကြီးကိုအရန်သင့်ချထားလိုက်တာပါပဲဟုလေ့လာစောင့်ကြည့်သူများကပြောသည်။ မကြာသေးမီကရုရှားသမ္မတဗလာဒီမီယာပူ တင်ကယူကရိန်းစစ်တပ်သည် ခရိုင်းမီးယားထဲသို့ ဝင်ရောက်ရန် ကြိုးပမ်းနေသော ရုရှားစစ်ဘက်ဝန်ထမ်းနှစ်ဦးကို ပစ်သတ်ခဲ့သည်ဟုစွပ်စွဲလိုက်ပြီးနောက် ရုရှားနှင့်ယူကရိန်းတို့ အကြားတင်းမာ မှုများပြင်းထန်လာခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ဘက်ဝန်ထမ်းနှစ်ဦး ပစ်သတ်ခံခဲ့ရသည့်အတွက် ရုရှားကလက်တုန့် ပြန်ရလိမ့်မည်ဟုပူတင် က ပြောကြားခဲ့ကြောင်း၊ ယူကရိန်းဘက်မှ ယင်းစွပ်စွဲချက်ကို ငြင်းဆို လိုက်ပြီးရုရှားသည် ယူကရိန်းအရေးကိုထပ်မံစွက်ဖက်လို၍ ရန်စစော်ကားခြင်းသာဖြစ်ကြောင်းတုန့် ပြန် ပြောကြားလိုက်ကြောင်းသိရသည်။ ရုရှားသည် အီရန်နှင့်လည်းလက်တွဲလိုက်ကာဆီးရီးယားပစ်မှတ်များ ကိုအီရန်နိုင်ငံတွင်းမှ ခြေကုပ်ယူ၍ပစ်ခတ် တိုက်ခိုက်လျက်ရှိသလို ယူကရိန်းနယ်စပ်တွင်လည်း စစ်အင်အားကိုဖြည့်တင်းလျက်ရှိသဖြင့် ရုရှား၏ စစ်ရေးလှုပ်ရှားမှုများမှာသိသာစွာပြောင်းလဲနေကြောင်း၊ တောင်တရုတ်ပင်လယ်အရေးတွင်လည်းတရုတ်နှင့်တွဲဖက် ကာစစ်ရေးလေ့ကျင့်ခဲ့ပြန်သဖြင့် ရုရှားသည် အမေရိကန်၊ နေတိုးနှင့် အနောက်အုပ်စုတို့ နှင့်အပြိုင် မဟာမိတ် အင်အားစုများကိုချဲ့ ထွင်ဖွဲ့ စည်းနေသည့်သဘောသက်ရောက်နေကြောင်းလေ့လာစောင့်ကြည့်သူများကပြောသည်။


Loading...