Breaking News


သေ ဆုံးသွားသည့် ကိုစိုးနောင်မှာ မိ သားစုကို မသတ်မီ ဇနီးဖြစ်သူ နှင့် ချစ်တင်းနှောခဲ့သေးကြောင်း


Loading...

သူသည် ရုတ်တရက်စိတ်ဖောက်ပြန်၍ သူ၏ဇနီး ကို ဓားဖြင့် ရှစ်ချက်ထိုးသတ်ပြီး သားနှစ်ဦးကို ဆက်လက်ထိုးသတ် ကာ 
------------------------------------------------------------------------------------------------------

လေးလောင်းပြိုင်လူသတ်မှု ဖခင်ကိုယ်တိုင်ကျူးလွန်နိုင်ဖွယ်ရှိသည်ဟူသောသတင်းကို ဒုတိုင်းရဲမှူးကြီးပယ်ချ

မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွားခဲ့သော လေးလောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်၍ ယင်း အမှု၌ ဖခင်ကိုယ်တိုင်ကျူးလွန် ကြောင်း ဖြစ်နိုင်ခြေများသည်ဟူ သော တူမောရိုးသတင်းဂျာနယ် ၏ ရေးသားဖော်ပြမှုသည် ထင်မြင်ချက်ဖြင့် ရေးသားခြင်းဖြစ်ပြီး အဆိုပါအမှုကို ကိုင်တွယ်သည့် ရဲအရာရှိများကလည်း မီဒီယာ အား ဖြေကြားထားခြင်းမရှိ ကြောင်း ရန်ကုန်တိုင်းရဲ တပ်ဖွဲ့ရုံး မှ ရဲမှူးကြီးမျိုးဆွေက ဆိုသည်။
‘‘ဒီလူသတ်မှုနဲ့ပတ်သက်ပြီး ဘယ်သူမှ ကောက်ချက်မချနိုင် သေးတဲ့အချိန်မှာ ဘယ်သူ့ကိုမှ ကျွန်တော်တို့ မပြောထားသေးပါ ဘူး။ ဒီအမှုနဲ့ပတ်သက်ပြီး ရဲမှူး လှဝေနဲ့ ကျွန်တော်နဲ့ ပြောတာ အမှန်ပါ။ ကျန်တာတွေက ထင် ကြေးနဲ့လျှောက်ပြောနေကြတာ။ အထောက်အထားခိုင်ခိုင်လုံလုံ ရတဲ့အခါကျရင် ကျွန်တော်တို့မီဒီ ယာတွေကို တရားဝင် ပြောပါ မယ်’’ဟု ရဲမှူးကြီးမျိုးဆွေက ဆို သည်။
လေးလောင်းပြိုင်လူသတ်မှု နှင့်ပတ်သက်၍ သြဂုတ် ၃၀ ရက် ထုတ် တူမောရိုးသတင်းဂျာနယ် တွင် လူသတ်တရားခံမှာ သေဆုံး သူ အိမ်ထောင်ဦးစီး ဦးစိုးနောင် ဖြစ်နိုင်ပြီး ဦးစိုးနောင်သည် ဂမ္ဘီရ စာအုပ်များကို လေ့လာကာ လောကီကျင့်စဉ်များကို အထူးအာရုံ စိုက်လေ့လာသူဖြစ်သလို အခြား သော ကျင့်စဉ်များကိုလည်း ကျင့် ကြံနေခဲ့ကြောင်း၊ ထို့အပြင် အ လုပ်မှ ထွက်ခဲ့ရသလို သူ၏စီးပွား ရေး လုပ်ငန်းမှာလည်း အဆင်မ ပြေ၍ စိတ်ဖိစီးမှုများနေခဲ့သူဖြစ် ကြောင်း၊ ဖြစ်နိုင်ခြေ အများဆုံး ကောက်ချက်မှာ သူသည် ရုတ်တရက်စိတ်ဖောက်ပြန်၍ သူ၏ဇနီး ကို ဓားဖြင့် ရှစ်ချက်ထိုးသတ်ပြီး သားနှစ်ဦးကို ဆက်လက်ထိုးသတ် ကာ သူ့ကိုယ်သူ သတ်သေခြင်း ဖြစ်နိုင်ကြောင်းကို ရဲအရာရှိကြီး က သုံးသပ်ပြောကြားခဲ့သည်ဟု ရေးသား ဖော်ပြထားခြင်း ဖြစ် သည်။
လေးလောင်းပြိုင်လူသတ်မှု နှင့် ပတ်သက်သည့် တရားခံကို လူအများအပြား စိတ်ဝင်တစား စောင့်ကြည့်နေချိန်တွင် ယခုသ တင်းပေါ်ထွက်ခဲ့ပြီးနောက် အွန် လိုင်းသုံးစွဲသူများက ဖြစ်နိုင်ဖွယ် မရှိကြောင်း ငြင်းဆိုဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သည်။
သို့သော် ဖခင်ဖြစ်သူကိုယ် တိုင်ကျူးလွန်နိုင်ဖွယ်ရှိသည်ဟူ သော ခိုင်လုံတိကျမှု မရှိသည့် ကောက်ချက်ကို ထည့်သွင်းဖော်ပြရာတွင်မူ ရဲတပ်ဖွဲ့အရာရှိကြီး တစ်ဦးဟုသာ ဖော်ပြထားပြီး ယင်းသတင်းတစ်ပုဒ်လုံးတွင် သတင်းရင်းမြစ်ကိုသာ ကိုးကားဖော်ပြခဲ့သည်။
တူမောရိုးသတင်းဂျာနယ်မှ လေးလောင်းပြိုင်လူသတ်မှုနှင့် ပတ်သက်၍ ဖော်ပြခဲ့မှုကို ရဲမှူးကြီးမျိုးဆွေက ‘‘မီဒီ ယာတွေမှာ ဒီလိုထင်ကြေးတွေနဲ့ ပြောတာတွေကို ဖော်ပြတော့ ပြည်သူတွေ ထင်ယောင်ထင်မှား ဖြစ်စေတာပေါ့။ ဒီလိုဖော်ပြလို့ အမှုလမ်းကြောင်းလွဲစရာတော့ အကြောင်းမရှိပါဘူး။ ကျွန်တော့်တို့ အနေနဲ့ကလည်း ဓာတ်ပုံထဲက လူတွေရော၊ အပြင်သတင်းတွေရော အကုန်လုံးကို စုပြီး စစ်ဆေးနေပါ တယ်။ အခုထိတော့ သေချာတိကျတဲ့ အထောက်အထားမရှိသေးပါ ဘူး’’ဟု ပြောသည်။
ထို့အပြင် တူမောရိုးသတင်း ဂျာနယ်တွင် ဖော်ပြချက်အရ သေ ဆုံးသွားသည့် ကိုစိုးနောင်မှာ မိ သားစုကို မသတ်မီ ဇနီးဖြစ်သူ နှင့် ချစ်တင်းနှောခဲ့သေးကြောင်း ကို ဆေးစစ်ချက်များအရ သိရှိရ ကြောင်း ဂျာနယ်ပါရဲအရာရှိကြီး က ပြောဆိုသည်ဟု ရေးသားထား သေးသည်။
‘‘တူမောရိုးက မဖြစ်နိုင်တဲ့ ကိစ္စကြီးကို ရေးထားတာပါ။ သူ တို့ရေးထားတဲ့ ရဲအရာရှိကြီးဆို တာလည်း ဘယ်က ရဲအရာရှိလဲ မသိဘူး။ သူတို့ရေးထားသလိုမ ဖြစ်နိုင်ဘူးဆိုတာ လူတိုင်းသိတဲ့ ကိစ္စကြီးပါ။ ရဲက မိသားစုဝင်တွေ မေးတာတောင် သူတို့ ခိုင်လုံတဲ့ အထောက်အထားတွေ မရသေး လို့ မပြောဘူး။ ခိုင်လုံတဲ့သက်သေ တွေရမှ ပြောမယ်လို့ ပြောတယ်။ ဒီသတင်းဖတ်ပြီးတော့ တရားခံ အစစ်တွေက ပျော်တောင်ပျော်ဦး မယ်’’ဟု မိသားစုဝင်အမျိုးသမီး တစ်ဦးက ဆိုသည်။
7daydaily
Loading...