အိုင်အက်စ်ခြိမ်းခြောက်မှုမှာ ဒေါ်အောင်ဆန်းစုကြည်စုကြည် ပါဝင်ခြင်းရှိ၊ မရှိ မလေးရှားအစိုးရ မပြောကြား

_________________________________________________________

အိုင်အက်စ်အဖွဲ့ရဲ့  ခြိမ်းခြောက်စာနဲ့ပတ်သက်ပြီး မလေးရှားအစိုးရက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပေမဲ့ အဆိုပါခြိမ်းခြောက်စာမှာ  ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခြင်း ရှိ၊ မရှိကို ထည့်သွင်းပြောကြားခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။
သတင်းစာရှင်းလင်းပွဲကို မလေးရှား ဒုတိယဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးတို့က ပြုလုပ်ခဲ့တာဖြစ်ပြီး မလေးရှားဝန်ကြီးချုပ်၊ ဒုဝန်ကြီးချုပ်နဲ့ ရဲချုပ်အပါအဝင် ဝန်ကြီးလေးယောက်လောက် ခြိမ်းခြောက်ခံရတယ်လို့ ရှင်းလင်းခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားခဲ့ခြင်းမရှိဘူးလို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်မြင့်ကပြောထားပါတယ်။
မလေးရှားနိုင်ငံမှာ အိုင်အက်စ်ရဲ့ ခြိမ်းခြောက်မှုခံရပေမဲ့ သူတို့ကာကွယ်ထားနိုင်တယ်လို့ပြောပြီး ခြိမ်းခြောက်ခံရမှုမှာ ဒေါ်အောင်ဆန်းစုကြည်ပါတယ်လို့မပြောသလို၊ မပါဘူးလို့လည်း မပြောဘူးလို့ ဦးဇော်မြင့်က ဆိုပါတယ်။ အိုက်အက်စ်အဖွဲ့ဟာ သြဂုတ် ၁ ရက်နေ့က မလေးရှားရဲတပ်ဖွဲ့ကို ခြိမ်းခြောက်စာ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။
Source: 7Day Daily
Loading...