Breaking News

ချင်းတွင်းမြစ်ထဲရေဆင်းချိုးတဲ့ စက်မှုကျာင်းသား တစ်ဦးနဲ့ ကျောင်းသူနှစ်ဦး ပျောက်ဆုံးနေ


Loading...

ဒီနေ့ညနေပိုင်းက ချင်းတွင်းတံတား(မုံရွာ)အနောက်ဘက်ကမ်းနားမှာ ရေဆင်းချိုးတဲ့ စက်မှုအထက်တန်းကျောင်းက ကျောင်းသူနှစ်ဦးနဲ့ ကျောင်းသားတစ်ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
"ကျွန်တော်က ရေမချိုးဘဲ ဘုရားပေါ်သွားနေတာ၊ ပြန်လာတော့ ရေချိုးနေတဲ့ ခြောက်ယောက်မှာ သုံးယောက်ပဲမြင်တော့ ဘေးနားက အစ်ကိုတစ်ယောက်ဆင်းကယ်တာ သုံးယောက်ကယ်နိုင်တယ်၊ ကျန်တဲ့သုံးယောက်ကနစ်သွားပြီ"လို့ ဆိပ်ကမ်းကို အတူလာခဲ့တဲ့ ကျောင်းသားတစ်ဦးက ပြောပါတယ်။
စက်မှုအထက်တန်းကျောင်း(GTHS)က ကျောင်းသား၊ ကျောင်းသူတွေက ရွှေတောင်ဦးဘုရားကအပြန် ရေဆင်းချိုးတာကနေ လက်ခုတ်ပင် ဆိပ်ကမ်းဝဲထဲမှာ နစ်မြုပ်ခဲ့တာလို့ ဆိုပါတယ်။
Source & Photos : Monywa Gaztte
Loading...