Breaking News


ထိုင်းနိုင်ငံ ကုန်တိုက်ကြီးတခုမှာ ဓါးကိုင်ထားသူ က တွေ့ ရာလူများအား လိုက်လံတိုက်ခိုက်


Loading...

မနေ့ ည (၇)နားအချိန်က ထိုင်နိုင်ငံ ဘန်ကောက် မြို့ နယ်အတွင်က စမယ်ဒန် ရပ်ကွက် ဖလမ်စောင် လမ်း
မကြီးဘေးက ကုန်တိုက်ကြီးတခုအတွင်းမှာ ရှိနေတဲ့ သူတွေကို ဓါးနဲ့ လိုက်ထိုး
ခဲ့တဲ့ အသက်(၄၀)အရွယ် ထိုင်းအမျိုးသားတစ်ဦးဟာ ကုန်တိုက် အထပ်(၃) နဲ့ 
အထပ်နှစ်မှာ ရှိနေတဲ့ သူတွေကို လိုက်လံတိုက်ခိုက်ခဲ့ပါတယ်။

ကုန်တိုက်အတွင်းမှရှိတဲ့ သူတွေလည်း ထွက်ပြေးခဲ့ရပြီး နောက်ဆုံး ကုန်တိုက်
အိမ်သာအတွင်းက ထွက်လာတဲ့ အမျိုးသားတစ်ဦး ဓါးထိုးခံရပါတယ်၊
နောက်ပိုင်းမှာ ဓါးကိုင်ထားသူကို ကုန်တိုက်လုံခြုံရေးဝန်ထမ်းတွေက ၀ိုင်းဖမ်းခဲ့ကြပါတယ်။
လူတွေကို ဓါးနဲ့ လိုက်ထိုးတဲ့သူဟာ စိတ်ရောဂါခံစားနေရသူဖြစ်ကြောင်း ၊စိတ်ရောဂါ ဆေးရုံကနေဆင်းလာပြီး အိမ်ကထွက်ပြေးသွားခဲ့တာလို့ 
ရဲစခန်းကို လိုက်လာတဲ့ အကိုဖြစ်သူက ပြောပါတယ်။
(SAW)


Loading...