Breaking News

အိန္ဒိယနိုင်ငံမှ နာမည်ကျော် ကျားမင်းသမီး သေဆုံး


Loading...


အိန္ဒိယနိုင်ငံ ရန်သမ်ဘိုး အမျိုးသားဥယျာဉ်မှ နာမည်ကျော်ကြားတဲ့ ကျားမ မတ်ခ်ျလီဟာ အသက် ၁၉ နှစ်အရွယ်မှာ သေဆုံးသွားခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ရန်သမ်ဘိုးဘုရင်မလို့ နာမည်ကြီးတဲ့ မတ်ခ်ျလီဟာ ကမ္ဘာပေါ်မှာ ဓာတ်ပုံအရိုက်ခံရဆုံး ကျားတစ်ကောင်လည်း ဖြစ်ခဲ့ပါတယ်။
play

မျက်နှာ ဘယ်ဖက်အခြမ်းမှာ ငါးပုံသဏ္ဍန် အမှတ်အသားတွေ ရှိနေတာကြောင့် သူမကို အိန္ဒိယလို ငါးလို့ အဓိပ္ပါပယ်ရတဲ့ မတ်ခ်ျလီဆိုတဲ့ အမည်ပေးထားတာလည်း ဖြစ်ပါတယ်။ မတ်ခ်ျလီဟာ မှတ်တမ်းရုပ်ရှင် အများအပြားမှာ ပါဝင်ခဲ့ပြီး ၁၄ ပေရှည်တဲ့ မိချောင်းတစ်ကောင်နဲ့ တိုက်ခိုက်ခဲ့တဲ့ သူမရဲ့ မှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုသူတွေ များပြားခဲ့ပါတယ်။
play

ဒါ့အပြင် ရမ်သန်ဘိုး အမျိုးသားဥယျာဉ်ကို လာရောက်လည်ပတ်သူတွေကလည်း မတ်ခ်ျလီကို စိတ်ဝင်စားမှုကြောင့် အဓိက လာရောက်လေ့ရှိတယ်လို့ ဆိုပါတယ်။ မတ်ခ်ျလီဟာ ရက်အတန်ကြာ အစားအစာ မစားဘဲ နေခဲ့ပြီးနောက် အသက်အရွယ်ကြောင့် သဘာဝအတိုင်း သေဆုံးခဲ့ကြောင်း ရမ်သန်ဘိုး အမျိုးသားဥယျာဉ်မှ တိရစ္ဆာန်ဆေးကု ဆရာဝန်က ပြောပါတယ်။ 
play

နာမည်ကျော် ကျားမ မတ်ခ်ျလီသေဆုံးမှုဟာ အိန္ဒိယသတင်းများမှာ ခေါင်းကြီးပိုင်းက နေရာယူခဲ့ပြီး သူမရဲ့ ပရိသတ်တွေက ဆိုရှယ်မီဒီယာမှာ ဆုတောင်းရေးသားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ မတ်ခ်ျလီအတွက် Machli - The Queen of Tigers အမည်ဖြင့် ဖေ့စ်ဘွတ်လည်းရှိတယ်လို့ သိရပါတယ်။
Source & Photo: Hindustan Times, BBC
Duwun
Loading...