Breaking News


မိတ္ထီလာမြို့မ စခန်းမှူးနဲ့ ရဲအုပ်ကို လာဘ်စားမှုနဲ့ ဖမ်းဆီးစစ်ဆေး


Loading...


ဓာတ်လိုက်သေဆုံးခဲ့မှုကို သေမှုသေခင်းနဲ့ အမှုမဖွင့်ဘဲ သေဆုံးသူရဲ့ အလုပ်ရှင်ထံကနေ ငွေကျပ်နှစ်သိန်းတောင်းခံခဲ့တယ်ဆိုပြီး အရေးယူပေးဖို့ တိုင်ကြားခံရတာဖြစ်ပါတယ်။
သေမှုသေခင်းတစ်ခုမှာ ငွေတောင်းရမ်းပြီး အဂတိလိုက်စားခဲ့တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တိုင်ကြားခဲ့တာကြောင့် မိတ္ထီလာမြို့မရဲစခန်းက စခန်းမှူးနဲ့ ရဲအုပ်တစ်ဦးတို့ကို ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
 လက်ရှိမှာ တရားခံဖြစ်နေတဲ့အတွက် အဆိုပါရဲနှစ်ဦးကို ထိန်းသိမ်းထားပြီး ဥပဒေအရ တရားရုံးကပဲ ဆက်လက်စစ်ဆေးသွားမှာ ဖြစ်ကာ စစ်ဆေးချက်ပေါ်မူတည်ပြီးအရေးယူသွားမယ်လို့ ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသက်နိုင်က ပြောထားကြောင်း သိရပါတယ်။
 စခန်းမှူးနဲ့ရဲအုပ်တစ်ဦးတို့ဟာ ဓာတ်လိုက်သေဆုံးခဲ့မှုကို သေမှုသေခင်းနဲ့ အမှုမဖွင့်ဘဲ သေဆုံးသူရဲ့ အလုပ်ရှင်ထံကနေ ငွေကျပ်နှစ်သိန်းတောင်းခံခဲ့တယ်ဆိုပြီး အရေးယူပေးဖို့ တိုင်ကြားခံရတာဖြစ်ပါတယ်။ မိတ္ထီလာမြို့နယ် ဆယ်စလွယ်ကျေးရွာအနီးက အောင်ကောင်းဓာတ်ဆီဆိုင်မှာ အလုပ်လုပ်နေတဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ဓာတ်ဆီ ဆိုင်မှာ အလုပ်လုပ်နေတုန်း လေးပေမီးချောင်း အသစ်လဲရာက ဓာတ်လိုက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။
Photos & Source: 7Day Daily
Loading...