Breaking News


မြှုပ်ကွက်တွေများတဲ့ "အနူးဘစ်" အကြောင်း ပြောလာတဲ့ ဝတ်မှုံရွှေရည်

Loading...


မကြာခင် ရုံတင်ပြသတော့မယ့် "အနူးဘစ်" ဇာတ်ကားဟာ  မြှုပ်ကွက်တွေ အများကြီးပါပြီး ပရိသတ်တွေ ကြိုတင်ခန့်မှန်းလို့ မရတဲ့ ဇာတ်ကားတစ်ကားဖြစ်တယ်လို့ ဝတ်မှုံရွှေရည်က ဆိုပါတယ်။

အဲ့ဒီဇာတ်ကားကို အထူးပွဲ ပြသချိန်မှာလည်း ကိုယ်တိုင်ဇာတ်ကားကို လာရောက်ကြည့်ရှုခဲ့တဲ့ ဝတ်မှုံရွှေရည်က သူမကိုယ်တိုင် ပြန်ကြည့်ပြီး ကြိုက်ခဲ့တဲ့ ဇာတ်ကားတစ်ကား ဖြစ်တယ်လို့ပြောပါတယ်။ သူမကိုယ်တိုင် ပြန်ကြည့်တဲ့ အခါမှာလည်း ကြိုက်နှစ်သက်သလို ပရိသတ်တွေလည်း ကြိုက်ကြမယ့် ဇာတ်ကားတစ်ကားဖြစ်ဖို့ မျှော်လင့်တယ်လို့ သူမက ဆိုပါတယ်။
အနူးဘစ်ဇာတ်ကားထဲမှာ ပါဝင်ထားတဲ့ သူမကိုလည်း ပရိသတ်တွေ ဝေဖန်ကြပေးဖို့ ပြောပြထားပါသေးတယ်။ "အနူးဘစ်" ရုပ်ရှင်ဇာတ်ကားတွင် အကယ်ဒမီလူမင်း ၊အကယ်ဒမီနေတိုး ၊အကယ်ဒမီ ဝတ်မှုံရွှေရည် နှင့် ရွှေမှုံရတီ တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဧည့်သည့်သရုပ်ဆောင်များအဖြစ် မြင့်မြတ်၊ ရာဇာနေဝင်းနဲ့ နန်းခင်ဇေယျာ တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
Photo : ဝတ်မှုံရွှေရည် ဖေ့စ်ဘွတ်
Loading...