လက်ဝါးကပ်တိုင်ထမ်းပြီး ခရစ်တော်ပုံစံ လမ်းလျှောက်သူကို ဖမ်းဆီး


_________________________________________________________

ကြီးမားသည့် လက်ဝါးကပ်တိုင်ကို သယ်ဆောင်လမ်းလျှောက်ပြီး ခရစ်တော်ကို သရော်တဲ့ လုပ်ရပ်ကြောင့် အမျိုးသားတဦးကို ဖမ်းဆီးလိုက်ပါတယ်။
ရုရှားနိုင်ငံ ပန်ခရိုင်ဒေသမှာ အသက် ၂၃နှစ် အရွယ် အနုပညာသမားနဲ့ ရုပ်ရှင် ထုတ်လုပ်သူ အီယာ နိုဗီကိုက အခုလို လုပ်ဆောင်ခဲ့တာကို ဒေသခံ ဘာသာရေးခေါင်းဆောင်တွေက ဘာသာရေးကို သရော်သလို လမ်းပိတ်ဆို့စေတယ်လို့ စွပ်စွဲခဲ့ တာဖြစ်ပါတယ်။
မျက်မြင်သက်သေတဦး မှတ်တမ်းတင်ထားတဲ့ ရုပ်သံဖိုင်မှာတော့ မုတ်ဆိတ်မွေး ထူလပစ်နဲ့ အနုပညာသမားက အဖြူရောင် အ၀တ်ကို ၀တ်ဆင်ကာ လက်ဝါးကပ်တိုင်နဲ့ ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်နေတာ ဖြစ်ပါတယ်။
ဖြတ်သွားဖြတ်လာနဲ့ ဆိုင်ကယ်သမားတွေက သူကို အော်ဟစ်လှောင်ပြောင်ခဲ့ပါတယ်။ အနီးနားက လူတဦးက လမ်းပိတ်မှာကို ကြောက်တဲ့အတွက် ရဲတွေကို သတင်းပေးခေါ်ဆိုခဲ့ရာမှာ ရဲတွေ ရောက်လာပါတယ်။ ဒီနောက်သူကို အနီးစပ်ဆုံး ရဲစခန်းကို ခေါ်ဆောင်သွားခဲ့တယ်လို့ မေရာသတင်းမှာ ဖော်ပြပါတယ်။
PAY-jesus-2
PAY-jesus-2နိုဗီကိုက  ခရစ်တော်လိုလုပ်ဆောင်ကြည့်ရာမှာ လူတွေက အော်ဟစ်လှောင်ပြောင်နေဆဲ ဖြစ်တဲ့ အတွက် လူတွေရဲ့စိတ်ကတော့ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ကအတိုင်း ပြောင်းလဲမှု မရှိဘူးလို့ ပြောပါတယ်။
DVB
Loading...