Breaking News


နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆေးရုံ ဆောက်လက်စတိုက်ငြမ်းပြို၊ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ


Loading...


ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ်အထူးကု ဆေးရုံကြီး၌ ယနေ့(သြဂုတ်လ ၁၃ ရက်) နံနက် ၁၁ နာရီ ၂၅ မိနစ်ခန့်က ဆောက်လုပ်နေသည့် ငါးထပ်အဆောက်အအုံ ငြမ်းပြိုကျခဲ့ရာ ပန်းရံလုပ်သားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဆိပ်ကြီးခနောင်တို မြို့နယ်တွင် နေထိုင်သည့် အသက် ၃၂ နှစ်အရွယ် ပန်းရံလုပ်သား သေဆုံးခဲ့ပြီး လှိုင်သာယာမြို့နယ်တွင် နေထိုင်သောအသက် ၂ဝ အရွယ်ရှိ မြင့်နိုင်ဦးမှာ ခါးတွင် ဒဏ်ရာရရှိထားသောကြောင့် ဆေးကုသပေးနေကြောင်း တာမွေမြို့နယ် NLD ပြန်ကြားရေးကော်မတီဝင် ဦးနေမင်းထွန်းက ပြောဆိုသည်။
နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ်အထူးကု ဆေးရုံကြီးကို ခုတင် ၁၅ဝ မှ ခုတင် ၅ဝဝ ဆံ့ ဆေးရုံအဖြစ် တိုးမြင့်ထားသောကြောင့် ဆောက်လုပ်နေဆဲ ငါးထပ်အဆောက်အအုံ၏ ငါးထပ်မှ လေးထပ်သို့ ငြမ်းပြိုကျမှု ဖြစ်ပွားခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရသည်။
Loading...