Breaking News

ကွယ်လွန်သွားတဲ့ ဇနီးသည်နေရာကို အရုပ်မနဲ့ အစားထိုးလိုက်တဲ့ အမျိုးသား


Loading...
----------------------------





တရုတ်နိုင်ငံက အမျိုးသားတစ်ဦးဟာ သူ့ရဲ့ဇနီးဖြစ်သူ သေဆုံးပြီးနောက် အရုပ်မတစ်ရုပ် ဝယ်ယူကာ အလွမ်းဖြေလျှက်ရှိပါတယ်။


အဆိုပါ အမျိုးသားကတော့ သူ့ဇနီးသည်ရဲ့ ဝိဉာဉ်ဟာ အဆိုပါအရုပ်ထံမှာ ကိန်းအောင်းနေတယ်လို့ ယူဆထားပြီး အရုပ်မနဲ့ ချစ်ကြိုးသွယ်နေတာ ဖြစ်ပါတယ်။ ဇန်လို့ အမည်ရတဲ့ အသက် ၇၀ အရွယ်အမျိုးသားရဲ့ ဇနီးသည်ဟာ ကင်ဆာရောဂါနဲ့ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။



သူကိုယ်တိုင်က ဆရာဝန်ဟောင်းတစ်ဦးဖြစ်ပြီး ကင်ဆာရောဂါ ရှိတဲ့ လူတွေကို ကုသပေးခဲ့ပေမယ့် သူ့ရဲ့ကင်ဆာရောဂါသည် ဇနီးသည်အတွက်တော့ ဘာမှ မလုပ်ပေးနိုင်ခဲ့ဘူးလို့ ကြေကွဲဝမ်းနည်းစွာနဲ့ ပြောပါတယ်။

စတာလင်ပေါင် ၁၈၀၀ လောက်ပေးရတဲ့ ဒီအရုပ်မကို ဇန်က ၂၀၁၅ ခုနှစ်မှာ ဝယ်ယူခဲ့တာပါ။ သူ့ရဲ့ကွယ်လွန်သူ ဇနီးသည်အဝတ်အစားတွေ ပေးဝတ်ပြီး တစ်ယောက်တည်းဖြစ်နေချိန်မှာ စကားတွေလည်း ပြောနေလေ့ ရှိပါတယ်။

 " ဒီအရုပ်မထဲမှာ သူ့ရဲ့ ဝိဉာဉ် ကိန်းအောင်းနေတယ်ဆိုတာ ကျွန်တော်သိတယ်။ ဒီအရုပ်မတွေက ဖျော်ဖြေဖို့ သက်သက်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ အရုပ်မထဲမှာတော့ ကျွန်တော့်ဇနီိးရဲ့ ဝိဉာဉ်ရှိပါတယ်" လို့ ဇန်က ပြောပါတယ်။

Source : The Sun
                Duwun
Loading...