စာမကျက်တဲ့သားကို အဖေကဓားနဲ့ထိုးသတ်


_________________________________________________________

ဆေးရုံကိုပို့ခဲ့ပေမယ့် သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့တာပါ။
အသက် ၄၈ နှစ်အရွယ် ဂျပန်အမျိုးသားတစ်ဦးဟာ စာမကျက်တဲ့သားဖြစ်သူကို ဆုံးမရာက လက်လွန်ပြီး ဓားနဲ့ထိုးသတ်မိခဲ့ပါတယ်။
ဂျပန်ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြချက်အရ ကန်းဂိုဆာတာကဲဆိုသူဟာ ယင်းရဲ့သားဖြစ်သူ ၁၂ နှစ်သားက စာကျက်ဖို့ငြင်းဆန်နေတာကြောင့် ဓားနဲ့ထိုးသတ်ခဲ့တယ်လို့ ဖော်ပြလာပါတယ်။ ပုဂ္ဂိလိကပိုင် အထက်တန်းကျောင်းဝင်ခွင့်အတွက် ဝင်ခွင့်စာမေးပွဲကနီးကပ်လာနေသည့်တိုင်အောင် သားဖြစ်သူ အာယိုတာက စာမကျက်လို့ ခုလိုသတ်မိသွားကြောင်း NHK သတင်းကို ပြောကြားခဲ့ကြောင်း သိရပါတယ်။
ဖြစ်စဉ်ဟာ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တာဖြစ်ကာ ဆာတာကဲက မီးဖိုချောင်သုံးဓားတစ်လက်နဲ့ သားရဲ့ရင်ဘတ်ကို ထိုးလိုက်မိတာပါ။ ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့်လည်း အာယိုတာဟာ သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့ပါတယ်။ ပြစ်မှုကျူးလွန်သူ ဖခင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူထားတယ်လို့လည်း သတင်းရရှိပါတယ်။
Source : NHK, AFP
Loading...