Breaking News


၂၀၁၇ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများတွင် ဇွဲကပင်ယူနိုက်တက် အသင်း ဝင်ပြိုင်တော့မည် မဟုတ်ကြောင်း တရားဝင်ထုတ်ပြန်

Loading...


၂၀၁၇ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများတွင် ဇွဲကပင်ယူနိုက်တက်အသင်း ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ် ကြောင်း အဆိုပါအသင်းမှ တရားဝင်ကြေညာချက်ထုတ်ပြန်လိုက်သည်။အဆိုပါတရားဝင်ကြေညာချက်ကို ဇွဲကပင်ယူနိုက်တက်အသင်းဖေ့စ်ဘွတ်စာမျက်နှာမှတဆင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး သြဂုတ် ၂၃ ရက်တွင်ပြုလုပ်သည့် အသင်းအစည်းအဝေး၌ ဝင်ရောက်ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။ “အသင်းမှာရှိတဲ့ကစားသမားတွေထဲက စာချုပ်ပြည့်တဲ့သူတွေကို ထွက်ခွာခွင့်ပေးသွားမှာဖြစ်သလို စာချုပ် ကျန်နေသေးတဲ့ကစားသမားတွေကိုလည်း စာချုပ်အတိုင်း ဆက်လက်ဆောင်ရွက်ခွင့်ပေးသွားမှာပါ။”ဟု ဇွဲကပင်ယူနိုက်တက်အသင်း ဥက္ကဌ ဦးလှဌေးကပြောသည်။ ဇွဲကပင်ယူနိုက်တက်ဘောလုံးအသင်းအနေဖြင့် အသင်းကိုဖျက်သိမ်းမည်မဟုတ်သည့်အပြင် မျိုးဆက်သစ်လူ ငယ်ဘောလုံးသမားများပေါ်ထွက်လာစေရန် လူငယ်အကယ်ဒမီစီမံကိန်းကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။“ကျွန်တော်တို့ဥက္ကဌအနေနဲ့ မြန်မာဘောလုံးလောကကို တိုးတက်အောင်မြင်အောင် လုပ်ဆောင်ပေးနိုင်ခြင်းမရှိ တဲ့အတွက်စဉ်းစားပြီး တခြားနည်းလမ်းနဲ့ အောင်မြင်အောင်လုပ်ချင်တဲ့သဘောပါ။ အသင်းအနေနဲ့ မြန်မာနေရှင် နယ်လိဂ်ပြိုင်ပွဲတွေမှာ ဝင်မပြိုင်တော့ပေမယ့် ဖိတ်ခေါ်ပြိုင်ပွဲတွေမှာ ဝင်ပြိုင်မှာပါ။”ဟု ဇွဲကပင်ယူနိုက်တက်ဘော လုံးအသင်းမှ မီဒီယာတာဝန်ခံ ကိုကျော်ကိုကိုဆင့်က ပြောသည်။ လက်ရှိတွင် ဇွဲကပင်ယူနိုက်တက်အသင်းအနေဖြင့် အသင်းတည်ရှိရာ မရမ်းကုန်းမြို့နယ်ရှိ နဝဒေးဘောလုံး ကွင်းကို အဆင့်မြှင့်တင်မှုပြုလုပ်နေကာ ပြီးစီးသွားပါက လူငယ်မျိုးဆက်သစ်ဘောလုံးသမားများကို ဆက်လက် ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။


Loading...