ကျောင်းသား ၄ ဦး အဓမ္မကျင့်တာခံခဲ့ရတဲ့ ၆ နှစ်အရွယ် မသန်စွမ်းကျောင်းသူလေး - Thadinatin

Breaking News

ကျောင်းသား ၄ ဦး အဓမ္မကျင့်တာခံခဲ့ရတဲ့ ၆ နှစ်အရွယ် မသန်စွမ်းကျောင်းသူလေး


Loading...



ကျောင်းသုံး သန့်စင်ခန်းထဲမှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
------------------------------------------------------------------------
ကျောင်းသား ၄ ဦးက မသန်စွမ်း မူကြိုကျောင်းသူလေးတစ်ဦးအား ကစားရအောင်လို့ ပြောပြီးနောက် ကျောင်းသုံး သန့်စင်ခန်းထဲမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခဲ့ပါတယ်။
ယင်းဖြစ်ရပ်ဟာ ၂၀၁၃ ခုနှစ်က သြစတြေးလျနိုင်ငံ အီလာဝါရာဒေသမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး မိန်းကလေးရဲ့မိခင်က အခုမှ ပညာရေးဌာနကို တရားစွဲဆိုလိုက်တာဖြစ်ပါတယ်။
ကျောင်းသား ၂ ဦးက အပြင်မှာ ရပ်စောင့်နေပြီး မိခင်ကို အော်ခေါ်နေတဲ့ မိန်းကလေးရဲ့ ပါးစပ်ထဲကို ကျန်နှစ်ဦးက သန့်စင်ခန်းသုံး တစ်ရှူးတွေ ထိုးထည့်ခဲ့တယ်လို့ ဆိုပါတယ်။
ယင်းဖြစ်ရပ်က အားလပ်ချိန်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာရော ခန္ဓာကိုယ်ပိုင်းဆိုင်ရာပါ ချို့ယွင်းနေရှာတဲ့ မိန်းကလေးဟာ အတန်းထဲကို အဝတ်အစားဖရိုဖရဲနဲ့ ပြန်လာချိန်မှာ ဖြစ်ရပ်မှန်ကို သိရှိခဲ့ကြပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ပြောပြချက်အရ ကောင်လေးနှ်ယောက်က ငါးနှစ်နဲ့ ကိုးနှစ်သာ ရှိသေးတယ်လို့ သိရပေမဲ့ မိန်းကလေးရဲ့မိခင်ကတော့ သူမရဲ့သမီးပြောပြတာက ၉ နှစ်နဲ့ ၁၁ နှစ်အတွင်း ကောင်လေး ၄ ယောက်လို့ ဆိုပါတယ်။
သူမကို မသန်စွမ်းသူများအတွက်ထားတဲ့ ကစားကွင်းမှာ ကစားစေဖို့ ကျောင်းဝန်ထမ်းများကို မိခင်က ပြောခဲ့ပေမဲ့ သူမ တိုက်ခိုက်ခံရတာက သာမန်လူတွေ အသုံးပြုတဲ့နေရာဖြစ်နေတယ်လို့ ဆိုပါတယ်။
မိန်းကလေးမှာ အိပ်မက်ဆိုးတွေမက်ပြီး ယင်းအကြောင်းကိုပဲ တချိန်လုံး သတိရနေတဲ့အတွက် မိသားစုမှာ အမြဲစိတ်ဆင်းရဲနေရတယ်လို့ မိခင်ဖြစ်သူက ဆိုပါတယ်။
ကျောင်းမှာ သင့်လျော်တဲ့ ကြီးကြပ်ကွပ်ကဲမှုမရှိရုံသာမကဘဲ ဒီလိုဖြစ်ရပ်မျိုးဖြစ်ကြောင်း သတင်းပို့ချိန်မှာ သင့်လျော်တဲ့ တုံ့ပြန်မှုလည်း မလုပ်လို့ ဒီလိုတွေ ဖြစ်နေရတာပါလို့ ရှေ့နေတစ်ဦးက ဆိုပါတယ်။
ယင်းကျောင်းမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်ပွားခဲ့တာ ဒီတစ်ကြိမ်သာမကဘဲ နောက်ထပ် သုံးခုလည်း ဖြစ်ပွားသေးတယ်လို့ သိရပါတယ်။
Source & Photos : Daily Mail
Duwun
Loading...