Breaking News


အမျိုးသမီးတစ်ဦးလမ်းလယ်မှာ ဆံပင်ကိုင်ပြီးတရွတ်ဆွဲခေါ်ခံရ


Loading...

လမ်းတစ်ဖက်ကိုဖြတ်တဲ့အထိ တောက်လျှောက်ကို ဆွဲခေါ်သွားတာပါ။
တရုတ်နိုင်ငံမှာ အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို ဆံပင်ဆွဲပြီး တရွတ်တိုက်ခေါ်သွားတဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာပါတယ်။


ယင်းအမျိုးသားဟာ အမျိုးသမီးကို ဆံပင်ကနေကိုင်ကာ လမ်းလယ်ကို ဖြတ်ပြီးတရွတ်တိုက်ဆွဲခေါ်သွားတာပါ။ အမျိုးသမီးဟာ လက်ကိုင်အိတ်ကို လက်တစ်ဖက်ကကိုင်ထားပြီး ဆွဲခေါ်ရာနောက်ကို တရွတ်တိုက်ပါသွားခဲ့ပါတယ်။


ပါးစပ်ကသာ အော်ဟစ်နေပေမယ့် တစ်စုံတစ်ရာ ခုခံခြင်းမပြုတာကတော့ ဘာကြောင့်မှန်းမသိပါဘူး။ လမ်းတစ်ဖက်အထိ တရွတ်တိုက်ပါသွားခဲ့တာကိုလည်း လူတွေက ဝိုင်းပြီးကြည့်နေခဲ့ကြပါတယ်။
Source : The Sun
Duwun
Loading...