လာမည့်(၁၀)နှစ် အတွင်း အမျိုးသမီးများ စက်ရုပ်များနှင့် လိင်ဆက်ဆံလာမည်

_________________________________________________________


လာမည့်(၁၀)နှစ် အတွင်း အမျိုးသမီးများသည် လိင်ဆက်ဆံဖော်အဖြစ် လူသား အမျိုးသားများ နေရာတွင် စက်ရုပ်များကို အစားထိုး လိမ့်မည်ဖြစ်ကြောင်း အနာဂတ် ဗေဒပညာရှင်တစ်ဦးက ခန့်မှန်း လိုက်ပြီဖြစ်သည်။
          အမျိုးသမီးများ စက်ရုပ်များနှင့် အိပ်စက်ခြင်းသည် ယနေ့ခေတ်တွင် အပြာဗီဒီယိုများ ကြည့်ခြင်းကဲ့သို့ သာမန်ဖြစ်ရပ် များသာ ဖြစ်လာလိမ့် မည်ဖြစ်ကြောင်း အနာဂတ်ဗေဒ ပညာရှင် ဒေါက်တာ အီယန်ပဲဆင်၏ လေ့လာမှုတစ်ခုတွင် ဖော်ပြထားသည်။
          လူသားများသည့် စက်ရုပ် မကျတကျ အရုပ်များနှင့် လိင်ဆက်ဆံမှုများ ကိုပြုလုပ်နေပြီ ဖြစ်သောကြောင့် စက်ရုပ်အစစ်များနှင့် လိင်ဆက်ဆံခြင်းမှာ ထူးခြားသော ဖြစ်ရပ်တော့ မဟုတ်ပါချေ။ စက်ရုပ် များနှင့် လိင်ဆက်ဆံမှု လူကြိုက်များ ခံရလွန်းသောကြောင့် ၂၀၅၀ ပြည့်နှစ် ရောက်ရှိချိန်တွင် လူသား များသည် စက်ရုပ်များနှင့်သာ လိင်ဆက်ဆံနေ ကြလိမ့်မည်ဖြစ်ကြောင်း ဒေါက်တာပဲဆင်က ခန့်မှန်းခဲ့သည်။
          စက်ရုပ်များ၏ ကွန်ပျူတာ ဉာဏ်ရည်နှင့် အထိအတွေ့ ပိုမိုကောင်း မွန်လာသည်နှင့်အမျှ စက်ရုပ်များ အပေါ် ချစ်ခင်စိတ်ပင် ပေါက်လာကြ မည်ဖြစ်ကြောင်း ၄င်းက ပြောဆိုခဲ့သည်။
          ထို့ပြင် လူသားများက စက်ရုပ်များအပေါ် အလွန်အမင်းချစ်ခင်သည့် ရိုဘော့ ဖီလီးယားဆိုသည့် စိတ်ရောဂါ တစ်မျိုးပင်ရှိလာဦးမည် ဖြစ်ကြောင်း ဒေါက်တာပဲဆင်၏ လေ့လာမှုတွင် ဖော်ပြထားသည်။
Source:Mirror
messengernewsjournal
Loading...