Breaking News


တရုတ်နိုင်ငံသားတစ်ဦးကို တုတ်ဖြင့်ရိုက်၍ ငွေလုယက်မှုဖြစ်ပွား


Loading...


မန္တလေးမြို့ အောင်မြေ သာစံမြို့နယ်ရှိ ၂၄ လမ်းနှင့် ၈၁ လမ်းထောင့်တွင် တရုတ်နိုင်ငံ သားတစ်ဦးကို တုတ်ဖြင့်ရိုက်၍ ကျပ် ၁၅ သိန်းနှင့် တရုတ်ငွေ ယွမ်၅၀၀ လုယက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
သြဂုတ် ၂၈ ရက် နံနက် ၅ နာရီခန့်က တရုတ်နိုင်ငံသားတစ် ဦးသည် ၎င်းတည်းခိုသည့်နေအိမ် သို့ စက်ဘီးစီးပြန်လာစဉ် လူအချို့က ရိုက်နှက်ပြီး ငွေများလုယူသွား သဖြင့် မျက်နှာဖူးရောင်ဒဏ်ရာ များရရှိကာ မန္တလေးပြည်သူ့ဆေး ရုံကြီးတွင် ဆေးကုသမှုခံယူလျက် ရှိကြောင်း အမှတ်(၅)နယ်မြေရဲ တပ်ဖွဲ့စခန်းမှ စုံစမ်းသိရသည်။
‘‘တခြားပြင်းထန်ဒဏ်ရာ တော့ ရမသွားပါဘူး။ တရုတ်နိုင်ငံ သားကို ရဲက မေးတာ ဘာတစ်ခုမှ ပြန်မပြောဘူး။ သူ့စကားပြန်ကိုပဲ မေးခိုင်းနေရတယ်။ သူက ကျောက်အရောင်းအဝယ်နဲ့လာ တယ်လို့ပြောတယ်။ လက်သီးနဲ့ ထိုးတယ်။ တုတ်နဲ့ ရိုက်ခံရတဲ့ဒဏ် ရာတွေပါပဲ’’ဟု အမှတ်(၅)နယ် မြေရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျရဲ အရာရှိတစ်ဦးက ပြောသည်။
တရုတ်နိုင်ငံသားသည် ကျောက်အရောင်းအဝယ်ဖြင့် မန္တလေးမြို့သို့ ရောက်ရှိလာခြင်း ဖြစ်ပြီး အောင်မြေသာစံမြို့နယ်ရှိ နေအိမ်တစ်ခုတွင် တစ်ဦးတည်း ငှားရမ်းနေထိုင်ကြောင်း စစ်ဆေး တွေ့ရှိသဖြင့် အိမ်ရှင်ဖြစ်သူကို ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း တာဝန်ကျရဲအရာရှိက ပြော သည်။
‘‘အခုလောလောဆယ်မှာ တော့ တခြား ဘာမှ ပြောမရသေး ဘူး။ နေအိမ်မှာ တစ်ယောက် တည်းငှားနေတယ်ဆိုတာလည်း အိမ်ကို သေချာစစ်ဆေးပြီးမှ လဝကကို အကြောင်းကြားပြီးမှ နေတာလားဆိုတာ သိရမယ်။ သူကလည်း မနက်ဖြန် စင်လုံးငှားလေယာဉ်နဲ့ ပြန်မယ် လုပ်နေ တယ်’’ဟု အမှတ်(၅)နယ်မြေရဲ တပ်ဖွဲ့စခန်းမှ အမှုစစ်ရဲအရာရှိ က ပြောသည်။
အဆိုပါပစ္စည်းယူလုယက်မှု နှင့်ပတ်သက်၍ ကျူးလွန်သူများ ကို   စုံစမ်းနေပြီး   တရုတ်နိုင်ငံ သား၏ စကားပြန်အမျိုးသမီးက တရားလိုပြုလုပ်၍ အမှတ်(၅)နယ် မြေရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့် ထားကြောင်း သတင်းရရှိသည်။
7daydaily
Loading...