ကလပ်တွင် ကခုန်နေသည့် အူစိန်ဘော့၏ အငြင်းပွားဖွယ် ဗွီဒီယိုဖိုင် ထွက်ပေါ် (ရုပ်သံ)


_________________________________________________________


ဘရာဇီးမှာ ကျင်းပနေတဲ့ အိုလံပစ်ပွဲတော်မှာ ၀င်ရောက်ယှဉ်ပြိုင်ပြီး ရွှေတံဆိပ်တွေ ဆွတ်ခူးရယူနိုင်ခဲ့တဲ့ ဂျမေကာ အပြေးသမား အူစိန်ဘော့ ရီယိုဒီဂျနေးရိုးမြို့က ကလပ်တခုမှာ ကခုန်နေတဲ့ အငြင်းပွားဖွယ် ရုပ်သံဖိုင် ထွက်ပေါ်လာပါတယ်။
အူစိန်ဘော့အတွက် ကာလရှည်ကြာ လက်တွဲလာတဲ့ ရည်းစား ကေစီဘန်နပ်သာ အသင့်တော်ဆုံး လက်တွဲဖော်ဖြစ်တယ်လို့ ညီမက ကြေညာခဲ့အပြီး ရီယိုက ကလပ်တခုမှာ အခုလို အမျိုးသမီးတဦးနဲ့ ကနေတဲ့ရုပ်သံ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အမျိုးသမီးနဲ့ ဘော့တို့ရဲ့ ကနေတဲ့ ကခုန်မှုကို ရုပ်သံဖိုင်နဲ့ မှတ်တမ်းတင်ထားတာလည်း ဖြစ်ပါတယ်။
ဘော့အနေနဲ့တော့ ပတ်ဝန်းကျင်ကို သိပ်အလေးမထားဘဲ အမျိုးသမီးနဲ့အတူ ကခုန်ခဲ့တယ်လို့ တယ်လီဂရပ်သတင်းမှာ ဖော်ပြပါတယ်။

ဘရာဇီးမီဒီယာတွေမှာတော့ ဘော့က နောက်တနေ့ မနက်စောစောမှာ တခြား အမျိုးသမီးတဦးနဲ့ အိပ်ရာပေါ်မှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာတယ်လို့လည်း ဆိုပါတယ်။
ဒီအမျိုးသမီးဟာ အသက် ၂၀ အရွယ် ကျောင်းသူ ဂျေဒီဒူရတ်တီဖြစ်တယ်လို့ ဒေးလီးမေးလ်က ဖော်ပြပါတယ်။
ဘော့ကလည်း ရွှေတံဆိပ်ဆု လက်ခံရယူအပြီးမှာ ပါတီကို သွားရောက်ခဲ့တယ်လို့ ၀န်ခံပြောဆိုထားပါတယ်။
အူစိန်ဘော့မှာ ရည်းစားတွေ အများကြီးရှိပေမယ့် ကေစီလောက် လေးလေးနက်နက်ထားတဲ့သူ မရှိဘူးလို့ ဆိုပါတယ်။
Loading...