မြောက်ကိုရီးယားနိုင်ငံ၏ မီးတောင်အရှင်ဖြစ်သည့် ပက်ခ်တူ မီးတောင် ပေါက်ကွဲလုနီးပါး အခြေအနေသို့ရောက်ရှိ



_________________________________________________________
မြောက်ကိုရီးယားနိုင်ငံ ဟဲဗန်းကန်အနီးရှိ ပက်ခ်တူမီးတောင် သည် ပေါက်ကွဲလုနီးပါးအခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းအနေဖြင့် မြောက်ကိုရီးယားနိုင်ငံ အတွက် ပူပန်သောကရောက်နေကြောင်း သြဂုတ် ၁၅ ရက်တွင် Daily Star သတင်းဌာနက ရေးသားဖော်ပြသွားခဲ့သည်။အဆိုပါမီးတောင်သည် ၂၀၀၂ ခုနှစ်နှင့် ၂၀၀၅ ခုနှစ်တို့တွင်လည်း ပေါက်ကွဲလုနီးပါး ဖြစ်ခဲ့ ပြီး မြောက်ကိုရီးယား ခေါင်းဆောင်က ဥရောပနိုင်ငံများမှ မီးတောင်နှင့်ပတ်သက်သည့် ကျွမ်းကျင်ပညာရှင်များကို ခေါ်ယူကာ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ဖူးကြောင်းလည်း သိရသည်။ ပက်ခ်ကူမီးတောင်သည် မြောက်ကိုရီးယားနိုင်ငံ၏ အကြီးဆုံး မီးတောင်များစာရင်းတွင် ပါဝင်နေပြီး၊ အကယ်၍ ထိုမီးတောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါက မြောက်ကိုရီးယားနိုင်ငံအတွက် အလားအလာမကောင်းကြောင်း သိရသည်။ ပက်ခ်တူမီးတောင်နှင့်ပတ်သက်ပြီး လန်ဒန်အခြေစိုက် မြေငလျင်သုတေသန ဌာနမှ အကြီးအကဲဖြစ်သူ ဒေါက်တာ ဂျိမ်းဟန်မွန့်ဒ်က “ပက်ခ်တူမီးတောင်ဟာ မှတ်တမ်းတွေအရ ပေါက်ကွဲနိုင်တဲ့လက္ခဏတွေ မကြာခဏ ပြလေ့ရှိတယ်၊ ဒီမီးတောင်ဟာ ကမ္ဘာ့အကြီးဆုံးမီးတောင်စာရင်းမှာတောင် ပါဝင်နေပါတယ်၊ လက်ရှိပြနေတဲ့ လက္ခဏအရဆိုရင်တော့ မကြာတော့တဲ့ကာလမှာ ပေါက်ကွဲဖို့ အလားအလာရှိတယ်၊ ဒီမီးတောင်ကြီးသား ပေါက်ကွဲမှုဖြစ်ခဲ့မယ် ဆိုရင် မြောက်ကိုရီးယားနိုင်ငံရဲ့ အခြေအနေက တကယ့်ကို စိုးရိမ်စရာ အနေအထားပါပဲ” ဟုပြောကြားသွားခဲ့သည်။တောင်ကိုရီးယားနိုင်ငံ ပူဆန်တက္ကသိုလ်မှ ပရော်ဖက်ဆာ ယွန်ဆောင်ဟိုက - “လက်ရှိပက်ခ်တူမီးတောင်ရဲ့ တုန်ခါမှုနှုန်းက ၈၅ ကီလိုမီတာလောက်အထိကို သက်ရောက်မှုရှိနေတယ်၊ လက္ခဏကတော့ မကြာခင်ကာလအတွင်းမှာ ပေါက်ကွဲတော့မယ် လက္ခဏာပဲ၊ တကယ်သာ ပေါက်ကွဲခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအနေနဲ့ အဆိုးရွားဆုံး ကပ်ဘေးတစ်ခုကို ရင်ဆိုင်ရတော့မယ်” ဟုပြောကြားသွားခဲ့သည်။



Loading...