Breaking News

ရုပ်ရှင်သရုပ်ဆောင်မိုးအောင်ရင်နှင့် သူငယ်ချင်းနှစ်ဦး ကို မူးယစ်ဆေးဝါးတွေ့ရှိမှုဖြင့် ဖမ်းဆီး


Loading...
----------------------------





ရုပ်ရှင်သရုပ်ဆောင်မိုးအောင်ရင်ကို မူးယစ်ဆေးဝါးတွေ့ရှိမှုဖြင့် ပုစွန်တောင်မြို့နယ်ရဲစခန်း မှဖမ်းဆီးထားကြောင်းသိရသည်။

သြဂုတ်လ ၂၉ ရက်နေ့ နံနက်၃နာရီ အချိန်တွင် မူးယစ်တပ်ဖွဲ့စု ၄၂ နှင့် တာမွေရဲစခန်းမှ တာဝန်ရှိသူများပါသော ပူးပေါင်းအဖွဲ့သည် ရုပ်ရှင်သရုပ်ဆောင်မိုးအောင်ရင်၏ နေအိမ်ဖြစ်သည့် တာ မွေ မြို့နယ် တာမွေလေးရပ်ကွက် လေးထောင့်ကန်လမ်း အမှတ် N-7 အခန်း ၅၄/ ၁၆ ကို ၀င်ရောက် ရှာဖွေရာ မိုးအောင်ရင်အား နေအိမ်တွင်မတွေ့ရပဲ ၄င်းနေအိမ်တွင် မိုးအောင်ရင်၏ မိတ်ဆွေနှစ်ဦးဖြစ် သူ ဘုန်းမြင့်အောင်ခေါ် ဒေးဗစ်နှင့် လူလူသန်းဦးတို့ နှစ်ဦးအား  တွေ့ရှိရပြီး နေအိမ်ကိုဆက်လက် ရှာဖွေရာ မိုးအောင်ရင်အိပ်သည့်အခန်းထဲရှိ ခုတင် မွေ့ယာပေါ်မှ အကြည်ရောင်ကော်ဗူး တွင်ထည့် ထားသော ဆေးခြောက် ၃၄.၃၃ ဂရမ်အားရှာဖွေတွေ့ရှိခဲ့သည်။ ၄င်း၏သူငယ်ချင်းဖြစ်သူ ဘုန်းမြင့် အောင်ဝတ်ဆင်ထား သော အနီရောင်ဘောင်းဘီတို ရှေ့ယာဖက်အိတ်ကပ်အတွင်းမှ ဘိန်းဖြူ ထိုးသွင်းရာတွင် အသုံးပြုသည့် 1 cc ဆေးထိုးပိုက် ၁၃ပိုက်၊ မိုးအောင်ရင်အိပ်သည့် ခုတင်အောက် ကြမ်း ပြင်မှ ဘိန်းဖြူအမှုန့်များကပ်ငြိနေ သော ပလတ်စတစ်ဗူးသေးလေးဗူးတို့ကို ရှာဖွေတွေ့ ရှိခဲ့သည်။

ယင်းနောက် မိုးအောင်ရင်အား ဆက်လက်ရှာဖွေရာ ၄င်း၏ အမျိုးသမီးမိတ်ဆွေ အိမ်တွင် ရောက် ရှိနေကြောင်း၊ ပုစွန်တောင်မြို့နယ် ၂ ရပ်ကွက် နေကြာ/သာယာ ကုန်းလမ်း တိုက်၃၄- ၆လွှာ ယာတွင် ရှိနေကြောင်းသိရှိရပြီး သွားရောက်ရှာဖွေရာ မိုးအောင်ရင်ကို တွေ့ရှိခဲ့သည်။၎င်းလွယ်ထား သောအညိုရောင်လယ်သာ အိတ်အတွင်းမှ ကာလတန်ဖိုး ကျပ်ရှစ်သောင်းတန်ဖိုးရှိ  ice  တစ်ဂရပ်၊ကို တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း မူးယစ်တပ်ဖွဲ့စု ၄၂ မှသိရသည်။

မူးယစ်တပ်ဖွဲ့စု၄၂မှ တာဝန်ရှိသူတစ်ဦးက’’ မိုးအောင်ရင်ဖမ်းလိုက်တာက မူးယစ်ဆေးဝါးကြို တင် သတင်းအရ သူ့နေအိမ်ကို ၀င်ရောက်ရှာဖွေတဲ့ အခါ မူးယစ်ဆေးဝါးတွေနဲ့ အတူ မိုးအောင်ရင်နဲ့ သူ့သူငယ်ချင်းနှစ်ယောက်ကို ဖမ်းလိုက်တာ။ သူတို့သုံးယောက်ကို စစ်ဆေးပြီးတော့ ကွင်းဆက် တရားခံ ကိုဆက်လက်ဖော်ထုတ်သွားမှာပါ’’ဟု ပြောကြားခဲ့သည်။

အဆိုပါအမှုနှင့် စပ်လျဉ်းပြီး တာမွေမြို့နယ်ရဲစခန်းမှ လူလူသန်းနှင့် ဘုန်းမြင့်အောင်ခေါ်ဒေးဗစ် တို့အား မူး/စိတ် ပုဒ်မ ၁၅/၁၉ က/ ၂၀ ဖြင့် အမှုဖွင့်စစ်ဆေးနေပြီး ပုစွန်တောင်မြို့နယ်ရဲစခန်း မှ မိုးအောင် ရင်ကို မူး/စိတ်ပုဒ်မ ၁၅/၁၆ ဂ  ဖြင့် အမှုဖွင့်ကာစစ်ဆေးနေကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး သရုပ်ဆောင်မိုးအောင်ရင်၏ဖခင် အဆိုတော် ဦးအောင်ရင်က သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ၄င်း၏သားဖြစ်သူအဖမ်းခံရကြောင်းကို ကြားသိရကြောင်း၊ ‘’ ကျွန်တော့် ရဲ့  ဆုံးမသွန်သင်မှု အင်မတန်ညံ့ဖျင်းခဲ့လို့ ထင်ပါတယ်။ မိဘတိုင်း ဒီလိုသောကမျိုး ကင်းဝေးကြပါ စေ’ ဟုရေးသားခဲ့ပြီး မကြာခင်မှာ အဆိုပါပို့စ်အားပြန်လည်ဖြုတ်ထားခဲ့ကြောင်း တွေ့ရသည်။

#KMZ
YangonMediaGroup
Loading...