ရသေ့တောင်တွင် စက်လှေမြုပ် ကျောင်းသူလေးဦး ပျောက်ဆုံးနေ - Thadinatin

Breaking News

ရသေ့တောင်တွင် စက်လှေမြုပ် ကျောင်းသူလေးဦး ပျောက်ဆုံးနေ


Loading...




ယနေ့ နံနက် ၉ နာရီခန့်က ရသေ့တောင်မြို့နယ် မယူကမ်းဒေသ ကုန်တန်းကျေးရွာမှ ရန်အောင်မြင်ကျေးရွာ အ.ထ.ကကျောင်းသို့ ကျောင်းတက်ရန် သွားသည့် ကျောင်းသား/သူများ စီးနင်းလိုက်ပါလာသော ကူးတို့လှေတိမ်းမှောက်ရာ ကျောင်းသူလေးဦး ပျောက်ဆုံးနေကြောင်း ကနဦး သတင်းရရှိသည်။
ယင်းစက်လှေမှောက်ရာသို့ ရန်အောင်မြင်ကျေးရွာ ဇာတိ ရသေ့တောင် လွှတ်တော်အမတ် ဦးသန်းနိုင်နှင့် ပြည်နယ်အစိုးရ ဝန်ကြီးချုပ် ဦးညီပု အပါအဝင် ဝန်ကြီးအချို့ သွားရောက်၍ ကူညီရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
ပျောက်ဆုံးနေသည့် ကျောင်းသူများမှာ ကျောက်စာတိုင်ကျေးရွာမှ ဖြစ်သည်။
(ထပ်မံရရှိသည့် သတင်းများကို ဆက်လက်ဖော်ပြပေးသွားပါမည်။)
The Voice
Loading...