Breaking News


ငါးလောင်းပြိုင်ပြီးတော့ လေးလောင်းပြိုင်၊ ပြီးတော့သုံးလောင်းပြိုင် တရားစောင့်နတ်ပါ အသတ်ခံလိုက်ရပြီလား


Loading...

”မင်္ဂလာဒုံမြို့နယ်ရှိ အမှတ် ၂ အခြေခံပညာမူလတန်း ကျောင်း၌ ၂ဝ၁၆-၂ဝ၁၇ ပညာ သင်နှစ်တွင် စာသင်နေသော ကျောင်းဝင်အမှတ် ၁၁၃၈၈ ကျောင်းသား မောင်စွန်းထက် မြတ်သည် ၂ဝ•၈•၂ဝ၁၆ နေ့ တွင် ဘဝတစ်ပါးသို့ ပြောင်းလဲ သွားပါသဖြင့် ကျောင်းနှင့် လုံးဝ မသက်ဆိုင်တော့ပါကြောင်း” ငို သံစွက်နေသော အသံသည် ခန်းမအတွင်းမှ လူအားလုံးကို ကြေကြေကွဲကွဲ တိတ်ဆိတ်ငြိမ် သက်သွားစေခဲ့သည်။
ရေဝေးသုသာန်ရှိ ဈာပနပြု လုပ်ရာခန်းမအတွင်းမှ ထွက်ပေါ် လာသောထိုအသံသည် မင်္ဂလာဒုံ လေးလောင်းပြိုင် လူသတ်မှု   ကြောင့်   သေဆုံးခဲ့ရသူများအနက် အသက်အငယ်ဆုံး ဖြစ်သည့် မောင်စွမ်းထက်မြတ်အတွက် ဆရာမတစ်ယောက်က အမိန့်ပြန် တမ်း ဖတ်ကြားနေသံ ဖြစ်သည်။ခန်းမအတွင်း အလောင်း လေးလောင်းကို တစ်ပြိုင်တည်း ပြင်ထားပြီး မိသားစုဝင်များ သာမက အနီးအနားမှ စိတ်ဝင် စား၍ လာရောက်ကြည့်ရှုသူများ ဖြင့် ခန်းမတစ်ခုလုံး ပြည့်လျှံနေ သည့်အပြင် မချိတင်ကဲ စကား သံများကလည်း ခန်းမအတွင်း ပျံ့လွင့်နေသည်။ သြဂုတ် ၂ဝ ရက်တွင် ဖြစ်ပွားခဲ့သော အဆိုပါ ဖြစ်စဉ်တွင် မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ် ရွှေနံ့သာကျေး ရွာအုပ် စု၊ မြအေးချမ်းသာလမ်း သွယ်နေ ရဲဝန်ထမ်းဟောင်း ဦးစိုး နောင်၊ ဇနီးမချယ်ရီပွင့်နှင့်အတူ အသက် ၈ နှစ်နှင့် ၁၃ နှစ်အရွယ် ကလေးငယ်   နှစ်ဦးတို့ အသတ် ခံခဲ့ရပြီး ရန်ကုန်မြို့နေ လူထုကို ထိတ်လန့် ချောက်ချားစေခဲ့သော အမှုလည်းဖြစ်သည်။ ထိုဖြစ်စဉ် တွင် နေအိမ်၌ ရှိနေသူ လေးဦး စလုံး အသတ်ခံခဲ့ရပြီး ယင်းတို့နှင့် အတူနေထိုင်သော မချယ်ရီပွင့် ၏မိခင်မှာ ထိုနေ့ကရွှေပြည်သာ ရှိ ဆွေမျိုးများထံ အလည်သွား နေခဲ့ခြင်းဖြစ်သည်။
ဤအမှုက ကမာရွတ်မြို့နယ် တွင် ဖြစ်ပွားခဲ့သော ယနေ့တိုင် တရားခံမပေါ်သေးသည့် ငါး လောင်းပြိုင် လူသတ်မှု နောက် ပိုင်း မိသားစု လိုက် အသတ်ခံ ရသည့် လေးလောင်းပြိုင် လူ သတ်မှု ဖြစ်သည်။ထိုဖြစ်စဉ်နှစ်ခုမှ ပြစ်မှုကျူး လွန်သူများကို လက်ရှိ အချိန် သြဂုတ် ၂၃ ရက်နေ့အထိ ဖော် ထုတ်နိုင်ခြင်း မရှိသေးပေ၊ ထိုသို့ ဖြစ်ရခြင်းမှာ ရဲတပ်ဖွဲ့ဝင်များ အ နေဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ စာရွက် စာတမ်း၊ လူ သက်သေ စသည့် ခိုင်လုံသော သက်သေ အ ထောက်အထားများ မရရှိခြင်း၊ နည်းပညာပိုင်းဆိုင်ရာ လိုအပ် သော အထောက်အပံ့ ပစ္စည်းများ လုံလောက်စွာ မရှိခြင်းတို့ကြောင့် လည်း ပြစ်မှုကျူးလွန်သူကို ဖော် ထုတ်ရန် ခက်ခဲနေခြင်း ဖြစ် ကြောင်း အငြိမ်းစား ရဲမှူးကြီး ဦးညွန့်လှိုင်က ဝေဖန်လိုက်သည်။”သက်သေ အခိုင်အလုံမရ ဘဲ ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲလို့မှ မရတာ”ဟု ယင်းက ပြောသည် ။ ကျူးလွန်သူကို ဖမ်းဆီးရန် အရေးကြီးသော အချက်တစ်ချက် မှာ ပြင်ပသို့ မပေါက်ကြားသင့် သည့်အချက်အလက်များ မီဒီ ယာမှ တစ်ဆင့်သော် လည်း ကောင်း၊ အခြားနည်းလမ်းဖြင့် သော်လည်းကောင်း ပေါက်ကြား ခြင်းပင်ဖြစ်ကြောင်း၊ မင်္ဂလာဒုံ လေးလောင်းပြိုင် လူသတ်မှုဖြစ် စဉ်တွင် ကျူးလွန်သူဟု ယူဆရ သူဟုဆိုသည့် လူသုံးယောက်ပုံ များ လူမှုကွန်ရက်များတွင် ပျံ့နှံ့ သွားခဲ့ပြီး ယင်းအချက် သည် မဖြစ်သင့်သော အချက်တစ်ချက် ဖြစ်ကြောင်းလည်း ယင်းက သုံး သပ်သည်။
”အဓိကတော့ တရားဥပဒေ စိုးမိုးမှုမရှိလို့ပေါ့။ ဖြစ်စဉ်တွေရဲ့ နောက်ကွယ်မှာ နောက်ခံ အ ကြောင်းအရာတွေ ရှိတတ်ပါ တယ်။ အဲဒါတွေပေါ်မှာလည်း မူ တည်ပါတယ်။ ကြီးမားတဲ့ ရန်ငြိုး ရန်စတွေထားပြီး လက်စားချေ တာလည်း ဖြစ်နိုင်ပါတယ်” ဟု ဦးညွန့်လှိုင်က သုံးသပ်သည်။ရန်ကုန်တိုင်း ဒေသကြီး လုံ ခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက လေးလောင်းပြိုင် လူသတ် မှုဖြစ် စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူး လွန်သူကို ဖမ်းဆီး ရမိနိုင်ရေး ဆောင်ရွက်နေပြီး အမှုဖြစ်စဉ်ကို လည်း တည်ဆောက်နေကြောင်း   ပြောသည်။ယခုနှစ်အတွင်း မှုခင်းကျ ဆင်းရေးစီမံချက်ကို ဇွန်လအ တွင်းက မြို့နယ်လေးခုတွင် ရှေ့ ပြေးအဖြစ် စတင်ဆောင်ရွက်ခဲ့ပြီး ဇူလိုင်လတွင် နောက်ထပ်မြို့နယ် ရှစ်မြို့နယ်တွင် ထပ်မံတိုးမြှင့် ဆောင်ရွက်ရာ ထိုမြို့နယ် ရှစ်ခု တွင် မင်္ဂလာဒုံမြို့နယ်လည်း ပါ ဝင်သည်။တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကတော့ ”ရဲအင်အားတွေကို မလိုအပ်တဲ့ နေရာတွေမှာ သုံးတယ်။ ပြည် သူလူထု လုံခြုံရေးအတွက် တာ ဝန်မယူဘူး။ ဒါ့အပြင် တရား ဥပ ဒေစိုးမိုးမှုလည်း အားနည်းပါ တယ်” ဟု ဝေဖန်လိုက်သည်။
လင်းဟိန်း
popularmyanmar
Loading...