သဲလွန်စ မရသေးတဲ့ လေးလောင်းပြိုင်လူသတ်မှု

_________________________________________________________


လေးလောင်းပြိုင်လူသတ်မှုနဲ့ ပက်သက်ပြီး သဲလွန်စမရသေးဘူးလို့ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှုး ဒုရဲမှူးကြီး စိုးဝင်းက ပြောကြားထားပါတယ်။ လူသတ်မှုဖြစ်ပွားခဲ့တဲ့ နေအိမ်တစ်ဝိုက်ကို သြဂုတ် ၂၅ ရက်နေ့မနက်က  ရဲတပ်ဖွဲ့ဝင်တွေဟာ  သက်သေခံပစ္စည်းတွေ လာရောက်ရှာဖွေခဲ့ချိန်မှာ   ဒုရဲမှူးကြီးစိုးဝင်းက ပြောထားတာ ဖြစ်ပါတယ်။
သက်သေခံပစ္စည်းကျန်ခဲ့လားဆိုတာကို စစ်ဆေးတာဖြစ်ပြီး အမှုက လမ်းကြောင်းတွေများနေတော့ သဲလွန်စမရသေးတာဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးသူမိသားစုဟာ အခင်းဖြစ်ပွားရာနေအိမ်ကို ပြောင်းရွှေ့လာတာဟာ ရှစ်လခန့်သာရှိသေးပြီး အနီးဝန်းကျင်က လူတွေနဲ့ ခိုက်ရန် ဖြစ်ပွားဖူးခြင်းမရှိဘဲ အေးဆေးစွာနေတတ်သူတွေဖြစ်တယ်လို့ အဆိုပါရပ်ကွက်မှာ နေထိုင်သူအချို့က ပြောကြားထားပါတယ်။
Photos & Source: 7Day Daily, ကျော်ဇင်သန်း
Loading...