Breaking News

လူမြင်ကွင်းကို ပြန်ထွက်လာတဲ့ အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေ

Loading...
အဘဦးသန်းရွှေနဲ့ တွေ့သွားတယ်။ သွားပြီး ဂါရ၀ပြုတယ်လို့ မန်ဒရင်းဘာသာနဲ့ ကြေညာသွားတယ်

ရာထူးကအနားယူပြီး လူမြင်ကွင်းကနေ ပျောက်နေတဲ့ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ သြဂုတ် ၁၂ ရက် ညနေက ထုတ်လွှင့်တဲ့ Phoenix Info News Channel ရဲ့ ရုပ်သံသတင်းမှာ ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။
တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာဆက်ဆံရေးဝန်ကြီး Mr.Song Tao ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဦးသန်းရွှေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့  ဟောင်ကောင်အခြေစိုက် Phoenix Info News က ရုပ်သံထုတ်လွှင့်ခဲ့တာပါ။
‘‘အဘဦးသန်းရွှေနဲ့ တွေ့သွားတယ်။ သွားပြီး ဂါရ၀ပြုတယ်လို့ မန်ဒရင်းဘာသာနဲ့ ကြေညာသွားတယ်’’လို့  ရုပ်သံကြည့်ရှုခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး က ပြောပါတယ်။
ယခင်သမ္မတဦးသိန်းစိန် အစိုးရသက်တမ်းတစ်လျှောက် မီဒီယာတွေပေါ်မှာ လုံးဝမ ပေါ်လာဘဲနေခဲ့တဲ့ ဦးသန်းရွှေ နေအိမ်ဝင်းထဲကို သြဂုတ် ၁၁ ရက် မွန်းလွဲပိုင်းမှာ တရုတ်ကိုယ်စားလှယ်အဖွဲ့ရဲ့ ယာဉ်တန်း ၀င်ရောက်သွားတာကို မြင်တွေ့ခဲ့တဲ့သူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
Source & Photos : 7DayDaily
Loading...